သူ့ကို ကျောက်ဆောင်ထိပ်မှ ငါတွေ့ရ၏။ သူ့ကို တောင်ကုန်းပေါ်မှ ငါမြင်ရ၏။ ထိုလူမျိုးသည် တသီးတခြားနေ၏။ လူမျိုးခြားတို့နှင့်ရောနှောခြင်းမရှိ။
၁ ရာ 8:5 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလအား “ကြည့်ရှုလော့။ ယခု အရှင် အသက်ကြီးပြီ။ အရှင့်သားတို့သည်လည်း အရှင်လျှောက်ခဲ့သည့်လမ်းအတိုင်း မလိုက်လျှောက်ကြပါ။ ထို့ကြောင့် လူမျိုးခြားအပေါင်းတို့နည်းတူ အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို အကျွန်ုပ်တို့အတွက် တင်မြှောက်ပေးပါလော့”ဟု ဆိုကြ၏။ Common Language Bible ``အရှင်သည်အသက်အရွယ်အို၍လာပါပြီ။ အရှင့်သားတို့သည်လည်းအရှင်၏လမ်းစဉ် ကိုမလိုက်ကြပါ။ သို့ဖြစ်၍အကျွန်ုပ်တို့ အားအုပ်စိုးရန်ဘုရင်ကိုခန့်ပေးပါ။ သို့မှ သာလျှင်အကျွန်ုပ်တို့တွင်အခြားတိုင်းပြည် များမှာကဲ့သို့ဘုရင်ရှိပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။- Garrad Bible အ ရှင် သည် အို မင်း လှ ပါ ပြီ။ အ ရှင့် သား တို့ လည်း အ ရှင့် နည်း လမ်း သို့ မ လိုက် ကြ ပါ။ လူ မျိုး တ ကာ တို့ ထုံး တမ်း အ တိုင်း ကျွန် တော် တို့ ကို အုပ် စိုး စီ ရင် နိုင် သော ဘု ရင် တစ် ပါး ချီး မြှောက် ပါ ဟု လျှောက် ထား ကြ၏။ Judson Bible ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသောရှင်ဘုရင်ကို ချီးမြှောက်ပါလော့ဟု လျှောက်ကြ၏။ |
သူ့ကို ကျောက်ဆောင်ထိပ်မှ ငါတွေ့ရ၏။ သူ့ကို တောင်ကုန်းပေါ်မှ ငါမြင်ရ၏။ ထိုလူမျိုးသည် တသီးတခြားနေ၏။ လူမျိုးခြားတို့နှင့်ရောနှောခြင်းမရှိ။
ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
ထိုအခါ အစ္စရေးလူမျိုးတို့က ဂိဒေါင်အား “သင်သည် အကျွန်ုပ်တို့ကို မိဒျန်လူမျိုးတို့လက်မှကယ်တင်ခဲ့သည်ဖြစ်၍ သင်နှင့် သင်၏သားမြေးတို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးပါ”ဟု ဆိုကြ၏။
သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။
ထို့ကြောင့် ယခု ကြည့်ရှုလော့။ သင်တို့ရွေးချယ်သောရှင်ဘုရင်၊ သင်တို့တောင်းဆိုသောရှင်ဘုရင်သည် ဤသူပင်တည်း။ သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ထာဝရဘုရား ခန့်ထားတော်မူပြီ။
ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင်
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။
လွန်ခဲ့သောသုံးရက်က ပျောက်သွားသောမြည်းများအတွက် စိတ်မပူနှင့်။ ထိုမြည်းတို့ကို ပြန်တွေ့ပြီ။ အစ္စရေးလူမျိုးသည် မည်သူ့ကို အလိုရှိပါသနည်း။ သင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကိုမဟုတ်လော”ဟု ပြန်ပြောလေ၏။