သို့သော်လည်း သူတို့မနာခံကြ။ မနာရှေမင်းကြီးသည် သူတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် အစ္စရေးလူမျိုးတို့ကို မကောင်းမှုပြုစေခဲ့၏။
၁ ရာ 8:19 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့သည် ရှမွေလစကားကို နားမထောင်ဘဲ “ထိုသို့မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ အကျွန်ုပ်တို့ကိုအုပ်စိုးသောရှင်ဘုရင် ရှိရမည်။ Common Language Bible လူတို့သည်ရှမွေလပြောကြားသည်ကိုပမာ ဏမပြုဘဲ``ထိုသို့မဟုတ်ပါ။ အကျွန်ုပ်တို့ သည်အခြားတိုင်းပြည်များမှာကဲ့သို့မိမိ တို့အားအုပ်စိုး၍ မိမိတို့၏စစ်ပွဲများတွင် ရှေ့ဆောင်တိုက်ခိုက်ရန်ဘုရင်ကိုလိုချင်ပါ သည်'' ဟုလျှောက်ကြ၏။- Garrad Bible ပြည် သူ ပြည် သား တို့ သည် ရှ မွေ လ စ ကား ကို ငြင်း ပယ်၍ ထို သို့ မ ဟုတ် ပါ။ ကျွန် တော် တို့ သည် လူ မျိုး တ ကာ နှင့် တူ ညီ စေ ခြင်း ငှါလည်း ကောင်း၊ ကျွန် တော် တို့ ရှေ့ ဦး ဆောင်၍ စစ် ချီ ခြင်း၊ အုပ် စိုး ခြင်း ငှါလည်း ကောင်း၊ ဘု ရင် ကို သာ ရ လို ပါ သည် ဟု ပြန် လျှောက် ကြ၏။ Judson Bible သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။ |
သို့သော်လည်း သူတို့မနာခံကြ။ မနာရှေမင်းကြီးသည် သူတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် အစ္စရေးလူမျိုးတို့ကို မကောင်းမှုပြုစေခဲ့၏။
သို့သော် ငါ့လူမျိုးတော်သည် ငါ့အသံကိုနားမထောင်ခဲ့ပေ။ အစ္စရေးလူမျိုးသည် ငါ့ကိုမနာခံခဲ့ပေ။
သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန် သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
ငါခေါ်သောအခါ မည်သူမျှမထူး။ ငါမိန့်သောအခါ နားမထောင်။ သူတို့သည် ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာတို့ကို ရွေးချယ်ကြသောကြောင့် ငါကိုယ်တော်တိုင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်။ သူတို့ကြောက်လန့်သောအရာများကို သူတို့အပေါ် ကျရောက်စေမည်။
“ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား သင်ဆင့်ဆိုသောစကားကို ငါတို့နားမထောင်။
သင်တို့သည် ထိုအမှုအလုံးစုံတို့ကို ပြုကြသောကြောင့် သင်တို့ကို ငါအကြိမ်ကြိမ်သတိပေး၏။ သို့သော် သင်တို့နားမထောင်ကြ။ ငါခေါ်သော်လည်း သင်တို့မထူးကြ။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို သင်ဝင်ရောက်သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်သောအခါ ‘ငါ့ပတ်ပတ်လည်ရှိလူမျိုးအပေါင်းတို့ကဲ့သို့ ငါ့ကိုအုပ်စိုးမည့်ဘုရင် တင်မြှောက်မည်’ဟု သင်ဆိုလျှင်
အမ္မုန်ဘုရင်နာဟတ်မင်းကြီး စစ်ချီလာသည်ကို သင်တို့မြင်သောအခါ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘုရင်ဖြစ်နေလျက်နှင့်ပင် သင်တို့က ငါ့အား ‘မဟုတ်ပါ၊ အကျွန်ုပ်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်ကို ခန့်ပေးပါ’ဟု တောင်းဆိုကြ၏။