သင်တို့၏သိုးအုပ်ထဲမှ သိုးဆယ်ပုံတစ်ပုံကို ယူလိမ့်မည်။ သင်တို့သည်လည်း သူ၏အစေအပါး ဖြစ်ရလိမ့်မည်။
သူသည်သင်တို့သိုးအုပ်များ၏ဆယ်ပုံတစ် ပုံကိုသိမ်းယူလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် လျှင်သူ၏ထံ၌ကျွန်ခံရကြလိမ့်မည်။-
သင် တို့ သိုး ဆိတ် များ ကို ဆယ် ကောင့် တစ် ကောင် ကောက် ခံ မည့် ပြင် သင် တို့ လည်း ကျွန် အ ဖြစ် သို့ ရောက် ကြ လိမ့် မည်။
သင်တို့သိုးစု ဆယ်ဖို့တစ်ဖို့ကိုလည်းယူ၍ သင်တို့သည် သူ၏ကျွန်ခံရကြမည်။
“မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့ပါ၏။ သို့သော် မင်းကြီး၏ခမည်းတော်ထံ၌ အကျွန်ုပ်တို့ ခက်ခဲပင်ပန်းစွာအမှုထမ်းခဲ့ရသည်ကို သက်သာစေမည်ဆိုလျှင်၊ အကျွန်ုပ်တို့အပေါ်တင်ထားခဲ့သည့် လေးလံသောထမ်းပိုးကို ပေါ့စေမည်ဆိုလျှင် မင်းကြီးထံခစားကြပါမည်”ဟု လျှောက်တင်ကြ၏။
အာဗြဟံသည်လည်း လက်ရပစ္စည်းရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို သူ့အားခွဲဝေပေးလှူ၏။ မေလခိဇေဒက်အမည်၏အဓိပ္ပာယ်မှာ ပထမအနေဖြင့် ဖြောင့်မတ်ခြင်း၏ဘုရင်ဟူ၍ဖြစ်ပြီး ထို့နောက် ငြိမ်သက်ခြင်း၏ဘုရင်တည်းဟူသော ဆလင်ဘုရင်ဟူ၍လည်းဖြစ်၏။
သူသည် ရပ်၍ အစ္စရေးစစ်သည်တို့အား “သင်တို့ အဘယ်ကြောင့် စစ်ခင်းကျင်းရန် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူမျိုးဖြစ်၏။ သင်တို့ကား ရှောလု၏အမှုထမ်းများမဟုတ်လော။ သင်တို့ထဲမှ လူတစ်ယောက်ကိုရွေးပြီး ငါ့ထံသို့လာစေပါ။
သင်တို့၏ကျွန်ယောက်ျားကျွန်မိန်းမများ၊ သန်မာထွားကျိုင်းသောလုလင်ပျိုများအပါအဝင် မြည်းများကိုပါ သိမ်းယူ၍ သူ့လုပ်ငန်းတွင် ခိုင်းစေလိမ့်မည်။
သင်တို့ရွေးချယ်လိုက်သောရှင်ဘုရင်ကြောင့် ထိုနေ့၌ သင်တို့အော်ဟစ်ရလိမ့်မည်။ သို့သော် ထိုနေ့၌ ထာဝရဘုရားသည် သင်တို့ကို လှည့်ကြည့်တော်မူမည်မဟုတ်”ဟု ဆိုလေ၏။