တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
၁ ရာ 6:15 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးသားတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေထည်ပစ္စည်းပါသောသေတ္တာကိုချပြီး ကျောက်တုံးကြီးပေါ်တွင် တင်ထားကြ၏။ ထိုနေ့တွင် ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရားထံ မီးရှို့ရာယဇ်နှင့် ပူဇော်သက္ကာတို့ကို ပူဇော်ကြ၏။ Common Language Bible လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် နှင့် တ ကွ၊ ရွှေ ရုပ် များ ပါ သော ကြုတ် ကို လေ ဝိ ဂိုဏ်း သား တို့ ဆွဲ ချ ၍ ကျောက် ဖျာ ကြီး ပေါ် တွင် တင် ထား လျှင် ဗက် ရှေ မက် မြို့ သား တို့ သည် ထို နေ့ တွင် ပင် မီး ရှို့ ရာ သ က္ကာ မှ စ၍ သ က္ကာ အ မျိုး မျိုး ကို ထာ ဝ ရ ဘု ရား အား ပူ ဇော် ဆက် ကပ် ကြ ၏။ Judson Bible ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေတန်ဆာပါသော သေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ချင်းတွင် မီးရှို့ရာယဇ်မှစ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။ |
တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
လူအပေါင်းတို့အား “သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် သေတ္တာတော်ကိုသယ်ဆောင်သောလေဝိအမျိုးသားယဇ်ပုရောဟိတ်တို့ကို မြင်သောအခါ ကိုယ့်နေရာမှထွက်၍ သေတ္တာတော်နောက်သို့လိုက်ကြရမည်။
ရွှေကြွက်ရုပ်များမှာ ခံတပ်မြို့နှင့် ကျေးလက်ဒေသများအပါအဝင် ဖိလိတ္တိမင်းငါးပါးအုပ်ချုပ်သောမြို့ရွာတို့၏အရေအတွက်အတိုင်း ဖြစ်၏။ ထာဝရဘုရား၏သေတ္တာတော်တင်ထားခဲ့သောကျောက်တုံးကြီးသည် ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ထဲတွင် သက်သေအဖြစ် ရှိနေသေး၏။