ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူ၏။
၁ ရာ 6:1 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏သေတ္တာတော်သည် ဖိလိတ္တိပြည်သို့ ရောက်သွားပြီး ခုနစ်လကြာသော် Common Language Bible ဖိလိတ္တိပြည်တွင်ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်သည် ခုနစ်လမျှရောက်ရှိနေပြီး နောက်၊- Garrad Bible ဖိ လိ တ္တိ ပြည် တွင် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ခု နစ် လ စံ နေ ပြီး မှ Judson Bible ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနစ်လနေပြီးမှ၊ |
ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူ၏။
ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။
အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။
နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။
ဖိလိတ္တိလူမျိုးတို့သည် ယဇ်ပုရောဟိတ်များ၊ ဂမ္ဘီရပညာရှင်များကို ခေါ်၍ “ထာဝရဘုရား၏သေတ္တာတော်ကို မည်သို့ပြုရမည်နည်း”ဟု မေးမြန်းပြီး “သူ့နေရာသို့ မည်သို့ပြန်ပို့ရမည်ကို အကျွန်ုပ်တို့အား ပြောပြပါ”ဟု ဆိုကြ၏။