ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
၁ ရာ 5:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကြောင်းကြောင့် အာဇုတ်မြို့တွင် ယနေ့တိုင်အောင် ဒါဂုန်၏ယဇ်ပုရောဟိတ်များနှင့် ဒါဂုန်ဝတ်ကျောင်းထဲသို့ ဝင်သောသူတိုင်း ဒါဂုန်တံခါးခုံကို မနင်းဘဲ ကျော်သွားကြ၏။ Common Language Bible (ထို့ကြောင့်ဒါဂုန်ဘုရားယဇ်ပုရောဟိတ် များ၊ ဒါဂုန်ဘုရားကျောင်းကိုဝင်ထွက်ကြ သောအာဇုတ်မြို့သားများသည် ကျောင်းတံခါး ခုံကိုယနေ့တိုင်အောင်မနင်းဘဲကျော်၍ သွားကြ၏။) Garrad Bible ထို ကြောင့် အာ ဇုတ် မြို့ တွင် ဒါ ဂုန့် ပ ရော ဟိတ် တို့ မှ စ၍ ၎င်း ကျောင်း အ တွင်း ထွက် ဝင် သူ တို့ သည် တံ ခါး ခုံ ကို ယ ခု တိုင် အောင် နင်း လေ့ မ ရှိ ချေ။ Judson Bible ထိုကြောင့် ဒါဂုန်၏ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။ |
ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
ထာဝရဘုရားခန့်အပ်ထားသောကောင်းကင်ဗိုလ်ခြေ၏စစ်သူကြီးကလည်း “သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့”ဟု ဆိုသည့်အတိုင်း ယောရှု ပြုလေ၏။
သူ့ခင်ပွန်းသည် နံနက်ထ၍ အိမ်တံခါးဖွင့်ကာ ခရီးဆက်မည်ပြုသောအခါ လက်ကိုတံခါးခုံပေါ်တင်လျက် အိမ်တံခါးဝတွင် လဲကျနေသော မယားငယ်ကို တွေ့လေ၏။