ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို သူတို့၏ဘုရားဝတ်ကျောင်းတွင်ထားပြီး ဦးခေါင်းကိုမူ ဒါဂုန်ဝတ်ကျောင်းတွင် ချိတ်ဆွဲထားကြ၏။
၁ ရာ 5:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်သွားပြီး ဒါဂုန်ဝတ်ကျောင်းသို့ ယူသွား၍ ဒါဂုန်ဘုရားဘေး၌ ထားကြ၏။ Common Language Bible ဒါဂုန်ဘုရားကျောင်းအတွင်းရှိဒါဂုန်ရုပ်တု အနီးတွင်ထားကြ၏။- Garrad Bible ဒါ ဂုန် ဘု ရား ကျောင်း အ တွင်း သွင်း၍ ဒါ ဂုန် အ နီး ချ ထား ကြ ၏။ Judson Bible ဘုရားသခင်၏သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။ |
ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို သူတို့၏ဘုရားဝတ်ကျောင်းတွင်ထားပြီး ဦးခေါင်းကိုမူ ဒါဂုန်ဝတ်ကျောင်းတွင် ချိတ်ဆွဲထားကြ၏။
နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကိုချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။
ထိုသို့ စပျစ်ဝိုင်သောက်ရင်း ဗေလရှာဇာမင်းကြီးသည် ဂျေရုဆလင်ဗိမာန်တော်မှ မိမိခမည်းတော်နေဗုခဒ်နေဇာမင်းကြီး သိမ်းယူလာခဲ့သောရွှေဖလား၊ ငွေဖလားတို့ကို ယူခဲ့ရန် အမိန့်ပေး၏။ ရှင်ဘုရင်မှစ၍ မှူးမတ်များ၊ မိဖုရားများနှင့် ကိုယ်လုပ်တော်များသည် ထိုဖလားများဖြင့် စပျစ်ဝိုင်ကို သောက်ကြ၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
လေအဟုန်ကဲ့သို့ ချီတက်တိုက်ခိုက်ကြ၏။ သူတို့၏ခွန်အားကို သူတို့၏ဘုရားဟု မှတ်ယူကြ၏။ စင်စစ် သူတို့သည် အပြစ်ဒဏ်ကို ခံရမည်။”
ထို့ကြောင့် သူတို့သည် မိမိတို့ကွန်များထံ ယဇ်ပူဇော်၍ မိမိတို့ပိုက်များထံ နံ့သာပေါင်းကို ပူဇော်ကြ၏။ အကြောင်းမှာ ထိုအရာများအားဖြင့် သူတို့၏ဥစ္စာပြည့်စုံကြွယ်ဝကြပြီး စားစရာလည်း ပေါများ၏။
ဖိလိတ္တိမင်းတို့က “ငါတို့၏ဘုရားသည် ငါတို့၏ရန်သူရှံဆုန်ကို ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် ဒါဂုန်ဘုရားအား ယဇ်ပူဇော်သောပွဲကြီးကို တပျော်တပါးကျင်းပရန် စုဝေးလာကြ၏။