လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
၁ ရာ 4:8 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၌ အမင်္ဂလာ ဖြစ်လေပြီ။ ဤတန်ခိုးကြီးသောဘုရား၏လက်မှ ငါတို့ကို မည်သူကယ်တင်မည်နည်း။ ဤဘုရားကား တောကန္တာရ၌ အီဂျစ်လူမျိုးတို့ကို ကပ်ရောဂါအမျိုးမျိုးဖြင့် ဒဏ်ခတ်တော်မူသောဘုရားဖြစ်၏။ Common Language Bible ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။- Garrad Bible ငါ တို့ သည် အ မင်္ဂ လာ ရှိ၏။ တန် ခိုး ကြီး သော ထို ဘု ရား များ လက် တွင်း မှ ငါ တို့ ကို မည် သူ ကယ် ပါ အံ့ နည်း။ ထို ဘု ရား များ ကား အိ ဂျစ် လူ မျိုး တို့ ကို သဲ တော တွင် ဒဏ် အ မျိုး မျိုး ခတ် တော် မူ သော ဘု ရား ပေ တည်း။ Judson Bible ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ်တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သောဘုရားကား၊ အခြားမဟုတ် ဤဘုရားပေတည်း။ |
လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
အီဂျစ်ပြည်အပေါ် ငါ၏လက်ကိုဆန့်၍ အစ္စရေးအမျိုးသားတို့ကို ထိုပြည်ထဲမှ ထုတ်ဆောင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် ငါသည် ဘေးဒဏ်အမျိုးမျိုးကို သင်မှစ၍ သင်၏အမှုထမ်းများ၊ သင်၏ပြည်သူပြည်သားများအပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် မြေတစ်ပြင်လုံး၌ ငါကဲ့သို့သောဘုရားမရှိကြောင်း သင်သိမြင်လိမ့်မည်။
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။
ဖိလိတ္တိလူမျိုးတို့သည် ကြောက်ရွံ့ကြ၍ “တပ်စခန်းအတွင်းသို့ ဘုရားသခင် ရောက်လေပြီ။ ငါတို့၌ အမင်္ဂလာဖြစ်လေပြီ။ ယခင်က ဤသို့တစ်ခါမျှမဖြစ်စဖူး။
အို ဖိလိတ္တိလူမျိုးတို့၊ အားယူကြလော့။ ယောက်ျားပီသကြလော့။ သို့မဟုတ်လျှင် ဟေဗြဲလူမျိုးတို့သည် သင်တို့ထံ၌ ကျွန်ခံခဲ့ရသကဲ့သို့ သင်တို့သည် သူတို့ထံ ကျွန်ပြန်ခံရမည်။ ထို့ကြောင့် ယောက်ျားပီပီ တိုက်ကြလော့”ဟု ပြောဆိုကြပြီး
ထိုအခြင်းအရာကိုမြင်လျှင် အာဇုတ်မြို့သားတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်လက်တော်သည် ငါတို့နှင့် ငါတို့၏ဘုရားဒါဂုန်ကို ပြင်းထန်စွာဒဏ်ခတ်တော်မူပြီ။ ထိုဘုရား၏သေတ္တာတော်ကို ငါတို့နှင့်အတူ မထားသင့်”ဟု ဆိုကြ၏။