ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
၁ ရာ 4:7 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူမျိုးတို့သည် ကြောက်ရွံ့ကြ၍ “တပ်စခန်းအတွင်းသို့ ဘုရားသခင် ရောက်လေပြီ။ ငါတို့၌ အမင်္ဂလာဖြစ်လေပြီ။ ယခင်က ဤသို့တစ်ခါမျှမဖြစ်စဖူး။ Common Language Bible ကြောက်လန့်ကြလျက်``ထိုသူတို့တပ်စခန်း သို့ ထာဝရဘုရားကြွလာတော်မူလေပြီ။ ငါတို့အကျိုးနည်းကြပေတော့အံ့။ ယခင် ကဤသို့တစ်ခါမျှမဖြစ်စဖူး။- Garrad Bible ဖိ လိ တ္တိ တပ် သား တို့ က ဘု ရား သ ခင် ထို တပ် စခန်း သို့ ကြွ တော် မူ ပြီ တ ကား ဟု ဆို လျက် ကြောက် ရွံ့ ကြ ကုန်၏။ သူ တို့ က လည်း၊ ငါ တို့၌ အ မင်္ဂ လာ ရှိ၏။ အ ထက် က ထို သို့ တစ် ကြိမ် မျှ မ ဖြစ် ဘူး သေး။ Judson Bible ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီတကား။ ငါတို့သည် အမင်္ဂလာရှိကြ၏။ တစ်ခါမျှ ဤသို့ မဖြစ်စဖူး။ |
ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
သူတို့၏ရထားများကိုလည်း မောင်းရခက်ခဲစေရန် ဘီးများကို ကျွတ်ထွက်စေတော်မူ၏။ သို့ဖြစ်၍ အီဂျစ်လူမျိုးတို့က “အစ္စရေးလူမျိုးတို့ထံမှ ငါတို့ထွက်ပြေးကြစို့။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ဘက်မှနေ၍ အီဂျစ်လူမျိုးတို့ကို စစ်တိုက်တော်မူပြီ”ဟု ဆိုကြ၏။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
ထိုကြွေးကြော်သံကို ကြားသောအခါ ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲတပ်စခန်းမှ ကြွေးကြော်သံကြီးကား အဘယ်နည်း”ဟု မေးမြန်းစူးစမ်း၍ တပ်စခန်းထဲသို့ ထာဝရဘုရား၏သေတ္တာတော် ရောက်လာကြောင်းသိရလျှင်
ငါတို့၌ အမင်္ဂလာ ဖြစ်လေပြီ။ ဤတန်ခိုးကြီးသောဘုရား၏လက်မှ ငါတို့ကို မည်သူကယ်တင်မည်နည်း။ ဤဘုရားကား တောကန္တာရ၌ အီဂျစ်လူမျိုးတို့ကို ကပ်ရောဂါအမျိုးမျိုးဖြင့် ဒဏ်ခတ်တော်မူသောဘုရားဖြစ်၏။