၁ ရာ 4:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုကြွေးကြော်သံကို ကြားသောအခါ ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲတပ်စခန်းမှ ကြွေးကြော်သံကြီးကား အဘယ်နည်း”ဟု မေးမြန်းစူးစမ်း၍ တပ်စခန်းထဲသို့ ထာဝရဘုရား၏သေတ္တာတော် ရောက်လာကြောင်းသိရလျှင် အခန်းကိုကြည့်ပါ။Common Language Bible6 ထိုကြွေးကြော်သံကိုဖိလိတ္တိအမျိုးသား တို့ကြားလျှင်``ဟေဗြဲတပ်စခန်းမှဟစ်အော် သံကိုနားထောင်ကြလော့။ ထိုအော်သံကား အဘယ်သို့နည်း'' ဟုဆိုကြ၏။ သူတို့သည် ဟေဗြဲတပ်စခန်းသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရောက်ရှိလာသည့် အကြောင်းကိုကြားသိကြသောအခါ၊- အခန်းကိုကြည့်ပါ။Garrad Bible6 ကြွေး ကြော် သံ ကို ဖိ လိ တ္တိ တပ် သား တို့ ကြား လျှင် ဟေ ဗြဲ တပ် စား ခန်း က သည်း စွာ ကြွေး ကြော် သံ ကား မည် သို့ နည်း ဟု မေး မြန်း သ ဖြင့် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် သည် ထို တပ် စ ခန်း သို့ ရောက် ကြောင်း သိ ကြ လျှင် အခန်းကိုကြည့်ပါ။Judson Bible6 ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏သေတ္တာတော်သည် ထိုတပ်ထဲသို့ရောက်ကြောင်းကို သိကြ၏။ အခန်းကိုကြည့်ပါ။ |
ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။