ထိုသူက ဧလိအား “အကျွန်ုပ်သည် စစ်မြေပြင်မှ ထွက်ပြေးလာသူဖြစ်ပါ၏။ ယနေ့ပင် စစ်မြေပြင်မှ ထွက်ပြေးလာပါ၏”ဟု ပြောလျှင် ဧလိက “ငါ့သား၊ အခြေအနေ မည်သို့ရှိသနည်း”ဟု မေး၏။
ထိုလူက``အကျွန်ုပ်သည်ယနေ့ပင်စစ်မြေ ပြင်မှလွတ်မြောက်ကာ လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ပါ၏'' ဟုလျှောက်၏။ ဧလိက``ငါ့သား၊ အရေးအခင်းကားမည် သို့နည်း'' ဟုမေး၏။-
ပြေး လာ သော သူ က၊ ကျွန် တော် သည် ယ နေ့ တွင် စစ် ရေး မှ ပြေး လာ၍ ဆိုက် ရောက် သူ ဖြစ် ပါ သည် ဟု လျှောက် လျှင် ဧ လိ က၊ ငါ့ သား၊ အ ရေး ကား မည် သို့ နည်း ဟု မေး လေ သော်၊
ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏ဟု လျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကားအဘယ်သို့နည်းဟုမေးလေသော်၊
ဒါဝိဒ်ကလည်း သူ့အား “မည်သို့ဖြစ်ပျက်ခဲ့သည်ကို ငါ့အားပြောပြပါလော့”ဟု ဆိုလျှင် သူက “စစ်သည်တို့သည် စစ်ပွဲမှ ထွက်ပြေးကြရပါ၏။ စစ်သည်အများအပြား လဲကျသေဆုံးကြရပါ၏။ ရှောလုမင်းကြီးနှင့်သူ့သားယောနသန်လည်း သေသွားပါပြီ”ဟု ပြောပြ၏။
ထိုအခါ ယောရှုက အာခန်အား “ငါ့သား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလော့။ ကျေးဇူးတော်ကို ချီးမွမ်းလော့။ သင်ပြုသောအမှုကို ငါ့အား ယခုပြောပါလော့။ ဘာမျှ ဖုံးကွယ်မထားနှင့်”ဟု ဆို၏။
ထာဝရဘုရားသည် ရှမွေလကိုထပ်၍ခေါ်ပြန်၏။ ရှမွေလသည်လည်း ထ၍ဧလိထံသို့သွားပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟုဆိုလျှင် ဧလိက “ငါ့သား၊ ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု ဆို၏။
စစ်သတင်းကြားပြောသူကလည်း “အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးရပါ၏။ လူအမြောက်အမြား ကျဆုံးပါ၏။ သခင်၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးပါပြီ။ ဘုရားသခင်၏သေတ္တာတော်လည်း ရန်သူ့လက်သို့ ပါသွားပါပြီ”ဟု ကြားပြောလေ၏။