ဣဇက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ သားကြီးဧသောအား “ငါ့သား”ဟု ခေါ်လျှင် ဧသောက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
၁ ရာ 4:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ဧလိသည် အသက်ကိုးဆယ့်ရှစ်နှစ်အရွယ်ရှိပြီး မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။ Common Language Bible (ဧလိကားယခုအခါအသက်ကိုးဆယ် ရှစ်နှစ်ရှိ၍ မျက်စိကွယ်ခါနီးပြီ။-) Garrad Bible ထို အ ခါ ဧ လိ သည် အ သက် ကိုး ဆယ် ရှစ် နှစ် ရှိ၍ မျက် ပျဉ်း ကျ သ ဖြင့် မ မြင် နိုင် ချေ။ Judson Bible ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။ |
ဣဇက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ သားကြီးဧသောအား “ငါ့သား”ဟု ခေါ်လျှင် ဧသောက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ ရှိလောမြို့သို့သွားကာ အဟိယအိမ်သို့ရောက်လေ၏။ အဟိယသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ မျက်စိပင်မမြင်တော့ချေ။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
ဧလိသည်လည်း မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။ တစ်နေ့တွင် သူသည် အိပ်ခန်းထဲ၌အိပ်နေ၏။
ထိုအော်ဟစ်သံများကို ဧလိကြားလျှင် “ဤအုတ်အော်သောင်းနင်းအသံများကား အဘယ်သို့နည်း”ဟု မေး၏။ ထိုသူလည်း အလျင်အမြန်လာပြီး ဧလိအားပြောပြလေ၏။