သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
၁ ရာ 4:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင်ပင် ဗင်္ယာမိန်အမျိုးသားတစ်ဦးသည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်တွင်မြေမှုန့်ကို တင်လျက် စစ်မြေပြင်မှ ရှိလောမြို့သို့ အပြေးအလွှားရောက်လာ၏။ Common Language Bible ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။- Garrad Bible ဗင်္ယာ မိန် အ နွယ် သား တစ် ယောက် သည် စစ် မြေ ပြင် မှ ပြေး လာ၍ ကိုယ့် အ ဝတ် ဆုတ် လျက် ဦး ခေါင်း ထက် မြေ မုန့် တင် လျက် ရှိ လော မြို့ သို့ တစ် နေ့ ချင်း ဆိုက် ရောက် သည့် ကာ လ Judson Bible ဗင်္ယာမိန် အမျိုးသားတစ်ယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ချင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။ |
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာနေရာတောင်ထိပ်သို့ ဒါဝိဒ်မင်းကြီးရောက်သောအခါ အာခိလူမျိုး ဟုရှဲသည် မိမိအဝတ်ကို ဆုတ်ဖြဲ၍ ခေါင်းပေါ် မြေမှုန့်တင်လျက် မင်းကြီးကို ဆီးကြို၏။
ထိုလ နှစ်ဆယ့်လေးရက်နေ့တွင် အစ္စရေးအမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် စုဝေးကြ၏။
သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။
ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
ထိုနေ့တွင် ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးသည် သင့်ထံလာ၍ ဤသတင်းကို ကြားပြောလိမ့်မည်။
သူတို့သည် သင့်အတွက် ခါးသီးစွာအော်ဟစ်ငိုကြွေးကြလေပြီ။ မြေမှုန့်ကို ခေါင်းပေါ်ပစ်တင်ကြလေပြီ။ ပြာ၌ လူးကြလေပြီ။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။