ငါကိုယ်တိုင် သင်တို့၏ပြည်ကို လူသူကင်းမဲ့စေသဖြင့် ထိုပြည်၌နေထိုင်သော သင်တို့၏ရန်သူတို့သည်လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။
၁ ရာ 31:7 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားများ ထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များလည်း ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်တစ်ဖက်ခြမ်းနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့၌နေသော အစ္စရေးအမျိုးသားတို့ သိမြင်လျှင် သူတို့သည်လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။ Common Language Bible ယေဇရေလချိုင့်ဝှမ်းတစ်ဘက်၊ ယော်ဒန်မြစ် အရှေ့ဘက်ရှိဣသရေလအမျိုးသားတို့ သည် ဣသရေလတပ်မတော်ထွက်ပြေးပြီ ဖြစ်ကြောင်းကြားသိကြသောအခါ မိမိ တို့မြို့များကိုစွန့်၍ထွက်ပြေးကြကုန်၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည်လာ ရောက်၍ထိုမြို့များတွင်နေထိုင်ကြ၏။ Garrad Bible ချိုင့် တစ် ဘက် နှင့် ယော် ဒန် မြစ် တစ် ဘက် တွင် နေ ထိုင် သူ ဣ သ ရေ လ လူ မျိုး တို့ သည် ရှော လု မင်း နှင့် သား တော် တို့ ကွယ် လွန် ကြောင်း ဣ သ ရေ လ ရဲ မက် တို့ ဆုတ် ပြေး ရ ကြောင်း များ ကို ကြား သိ လျှင် ကိုယ့် မြို့ ရွာ များ မှ စွန့် ခွာ ထွက် ပြေး ကြ ရာ ဖိ လိ တ္တိ လူ မျိုး တို့ ဝင် ရောက် နေ ထိုင် ကြ ၏။ Judson Bible ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တစ်ဖက်၊ ယော်ဒန်မြစ်တစ်ဖက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍နေကြ၏။ |
ငါကိုယ်တိုင် သင်တို့၏ပြည်ကို လူသူကင်းမဲ့စေသဖြင့် ထိုပြည်၌နေထိုင်သော သင်တို့၏ရန်သူတို့သည်လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။
ဟေဗြဲလူမျိုးတို့သည် ဂျော်ဒန်မြစ်တစ်ဖက် ဂဒ်ပြည်၊ ဂိလဒ်ပြည်တို့သို့ ကူးသွားကြ၏။ ရှောလုမင်းကြီးသည် ဂိလဂါလမြို့၌ပင်ရှိပြီး သူနှင့်အတူရှိသောစစ်သည်အပေါင်းတို့မှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။
ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်၊ လက်နက်ကိုင်လုလင်နှင့် သူ့နောက်လိုက်အပေါင်းတို့သည် ထိုနေ့တစ်နေ့ချင်းတွင် အတူသေကြရလေ၏။
နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကို ချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။