တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။
၁ ရာ 31:5 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။ Common Language Bible ရှောလုသေသွားသည်ကိုမြင်လျှင် လူငယ်သည် မိမိဋ္ဌားပေါ်တွင်လှဲချကာရှောလုနှင့်အတူ သေလေ၏။- Garrad Bible လက် နက် တော် ကိုင် လည်း ရှော လု မင်း သေ သည် ကို သိ မြင် လျှင် ကိုယ့် ဓား ဦး ပေါ် တွင် လှဲ၍ ရှော လု မင်း နှင့် အ တူ သေ လေ၏။ Judson Bible ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုဓားကိုထောင်၍ ရှောလုနှင့်အတူ ဓားဖျားပေါ်မှာလှဲ၍ သေ၏။ |
တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။
ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။
ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်၊ လက်နက်ကိုင်လုလင်နှင့် သူ့နောက်လိုက်အပေါင်းတို့သည် ထိုနေ့တစ်နေ့ချင်းတွင် အတူသေကြရလေ၏။