ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။
၁ ရာ 31:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အရိုးကိုယူ၍ ယာဗက်မြို့ရှိ မန်ကျည်းပင်အောက်တွင် သင်္ဂြိုဟ်ပြီး ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။ Common Language Bible ထိုနောက်အရိုးတို့ကိုကောက်ယူ၍မြို့ရှိ မန်ကျည်းပင်အောက်တွင်မြှုပ်နှံပြီးနောက် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြ၏။ ဋ္ဌမ္မရာဇဝင်ပထမစောင်ပြီး၏။ Garrad Bible အ ရိုး တော် များ ကို လည်း ကောက် ယူ လျက် ယာ ဗက် မြို့ ရှိ မန် ကျည်း ပင် အောက် တွင် ဘူ မိ စျာ ပ န ပြု ပြီး မှ ခု နစ် ရက် တိုင် တိုင် အ စာ ရှောင် ကြ ကုန် ၏။ Judson Bible အရိုးတို့ကိုလည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်။ |
ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
ဥရိယ၏မယားသည် သူ၏ခင်ပွန်းဥရိယကျဆုံးကြောင်း ကြားသိသောအခါ ခင်ပွန်းအတွက် ငိုကြွေးမြည်တမ်းလေ၏။
များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။
ရှောလုမင်းကြီးသည် လှံကိုကိုင်ဆောင်ပြီး သူ့အမှုထမ်းအပေါင်းတို့လည်း သူ့ကိုဝန်းရံလျက် ဂိဗာမြို့၊ တောင်ကုန်းတစ်ခုပေါ်ရှိ ဧရှာလပင်အောက်တွင် စခန်းချနေစဉ် ဒါဝိဒ်နှင့်အတူ လူတစ်စုကို တွေ့ရှိသည်ဟူသောသတင်းကို ကြားသိရ၏။