ဤသို့ဖြင့် ဒါဝိဒ်သည် ဟေဗြုန်မြို့သို့ တက်သွားရာတွင် သူ၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့လည်း ပါလေ၏။
၁ ရာ 30:5 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ၏မယားဖြစ်ခဲ့ဖူးသော ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၏။ Common Language Bible ဒါဝိဒ်၏မယားများဖြစ်ကြသော အဟိနောင် နှင့်အဘိဂဲလတို့ပင်လျှင်ပါသွားကြလေ သည်။ Garrad Bible ဒါ ဝိဒ်၏ မ ယား နှစ် ယောက် ဖြစ် စေ သော ယေ ဇ ရေ လ မြို့ သူ အ ဟိ နောင် နှင့် က ရ မေ လ အ ရပ် သား နာ ဗ လ၏ ခင် ပွန်း ဟောင်း အ ဘိ ဂဲ လ တို့ သည် သုံ့ ဘမ်း ပါ သွား လေ ပြီ။ Judson Bible ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။ |
ဤသို့ဖြင့် ဒါဝိဒ်သည် ဟေဗြုန်မြို့သို့ တက်သွားရာတွင် သူ၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့လည်း ပါလေ၏။
ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။
ဒါဝိဒ်နှင့်အတူ သူ့နောက်လိုက်အားလုံးနှင့် သူတို့၏အိမ်ထောင်မိသားစုများအပါအဝင် ဒါဝိဒ်၏ဇနီးနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့သည် ဂါသမြို့၌ အာခိတ်မင်းကြီးနှင့်အတူ နေထိုင်ကြ၏။