အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ 30:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မောပန်း​၍ ဒါဝိဒ်​နောက်သို့​မ​လိုက်​နိုင်​တော့​ဘဲ ဗေသော်​ချောင်း​နား​တွင်​နေ​ခဲ့​သော လူ​နှစ်ရာ​တို့​ရှိ​ရာ​သို့ ဒါဝိဒ်​ပြန်​ရောက်လာ​သောအခါ သူ​တို့​သည် ဒါဝိဒ်​နှင့် သူ​နှင့်အတူ​ပြန်လာ​သော​လူ​တို့​ကို ကြိုဆို​ရန် ထွက်လာ​ကြ​၏​။ ဒါဝိဒ်​သည် သူ​တို့​အနီး​သို့​ရောက်လာ​၍ သူ​တို့​အား နှုတ်ဆက်​စကား​ပြောဆို​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​မော​ပန်း​လွန်း​သ​ဖြင့် မိ​မိ​နှင့်​မ​လိုက်​နိုင် ဘဲ​ဗေ​သော်​ချောင်း​အ​နီး​တွင် နေ​ရစ်​သူ​လူ​နှစ်​ရာ ရှိ​ရာ​သို့​ဒါ​ဝိဒ်​ပြန်​လည်​ရောက်​ရှိ​လာ​၏။ ထို​သူ တို့​သည်​ခ​ရီး​ဦး​ကြို​ပြု​ရန်​ထွက်​လာ​၍ ဒါ​ဝိဒ် တို့​လူ​စု​အား​နှုတ်​ဆက်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

မော ပန်း၍ ဒါ ဝိဒ် နောက် သို့ မ လိုက် နိုင် သည့် အ တွက် ဗေ သော် ချောင်း အ နီး ထား ခဲ့ ရ သော လူ နှစ် ရာ ရှိ ရာ သို့ ပြန် ရောက် သော်၊ ထို သူ တို့ သည် ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကို ကြို ဆို ရန် ထွက် လာ ကြ သ ဖြင့် အ နီး သို့ ရောက် သည် နှင့် ဒါ ဝိဒ် နှုတ် ဆက် သော အ ခါ

အခန်းကိုကြည့်ပါ။

Judson Bible

မော၍ ဒါ​ဝိဒ်​နောက်​သို့ မ​လိုက်​နိုင်၊ ဗေ​သော်​ချောင်း​နား​မှာ နေ​ရစ်​သော လူ​နှစ်​ရာ​ရှိ​ရာ​သို့ ဒါ​ဝိဒ်​ရောက်၍၊ သူ​တို့​သည် ဒါ​ဝိဒ်​နှင့် သူ့၌​ပါ​သော​လူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​လို​သော​ငှာ ထွက်​လာ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် အ​နီး​သို့​ရောက်​သော​အ​ခါ သူ​တို့​ကို​နှုတ်​ဆက်​လေ၏။

အခန်းကိုကြည့်ပါ။



၁ ရာ 30:21
7 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ဆက်၍​တည်​ကြ​လော့။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် သင်​တို့​အားလုံး တစ်စိတ်​တစ်သဘောတည်း​ရှိ​လျက် ကြင်နာ​တတ်​သော​သဘော၊ ညီအစ်ကို​ချင်း​ချစ်​တတ်​သော​သဘော၊ သနားစုံမက်​တတ်​သော​သဘော​နှင့် စိတ်​နှိမ့်ချ​သော​သဘော​ရှိ​ကြ​လော့။


ဂိဒေါင်​သည် သုကုတ်​မြို့သား​တို့​ထံသို့​ရောက်လာ​၍ “​ဇေဘဟ​နှင့်​ဇာလမုန္န​ကို ကြည့်​ကြ​လော့​။ သင်​တို့​က ‘​မောပန်း​နေ​သော​သင့်​လူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် သင့်​လက်​ထဲ​ရောက်​ပြီ​လော​’​ဟု ငါ့​ကို​ကဲ့ရဲ့​ခဲ့​ကြ​၏​”​ဟု ဆို​ပြီးလျှင်


ဤ​ဒိန်ခဲ​ဆယ်​ခဲ​ကို​လည်း သူ​တို့​၏​လူ​တစ်ထောင်အုပ်​အတွက် ယူသွား​လော့​။ သင့်​အစ်ကို​တို့ အေးအေးချမ်းချမ်း​ရှိ​သည်​ကို သင်​မြင်တွေ့​ခဲ့​ရ​ကြောင်း သက်သေ​ယူလာ​ပြ​လော့​”​ဟု မှာလိုက်​လေ​၏​။


ဒါဝိဒ်​သည် သူ​နှင့်အတူ​ပါလာ​သော​ပစ္စည်း​များ​ကို ပစ္စည်းထိန်း​လက်​၌ အပ်ထား​ခဲ့​ပြီး စစ်မြေပြင်​သို့​ပြေးသွား​ကာ အစ်ကို​တို့​ကို သွား​၍​တွေ့ဆုံနှုတ်ဆက်​၏​။


ဒါဝိဒ်​နှင့်အတူ လူ​လေး​ရာ​တို့​သည် ဆက်​၍​လိုက်​ကြ​၏​။ လူ​နှစ်ရာ​မူကား မောပန်း​လွန်း​သဖြင့် ဗေသော်​ချောင်း​ကို​ပင် မ​ကျော်​နိုင်​ဘဲ နေရစ်​ခဲ့​ကြ​၏​။


သို့သော် ဒါဝိဒ်​နှင့်အတူ​လိုက်သွား​သော​သူ​တို့​ထဲမှ စိတ်ထား​ယုတ်ညံ့​သေးသိမ်​သူ​အပေါင်း​တို့​က “​သူ​တို့​သည် ငါ​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် အကျွန်ုပ်​တို့ ပြန်​တိုက်ခိုက်လုယက်​ယူလာ​သော​ပစ္စည်း​တို့​ကို သူ​တို့​အား မ​ပေး​နိုင်​။ သူ​တို့​သည် သူ​တို့​၏​မယား​၊ သားသမီး​တို့​ကို​သာ​ခေါ်​၍ ထွက်သွား​ပါစေ”​ဟု ဆို​ကြ​၏​။