ထို့ကြောင့် ဒါဝိဒ်သည် နံနက်စောစောထ၍ သူနှင့် သူ့နောက်လိုက်တို့သည် ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိလူမျိုးတို့ကား ယေဇရေလမြို့သို့ ချီသွားကြ၏။
ထို့ကြောင့်ဒါဝိဒ်တို့လူစုသည်နောက်တစ်နေ့ နံနက်စောစောအချိန်၌ ဖိလိတ္တိပြည်သို့ပြန် သွားကြ၏။ ဖိလိတ္တိအမျိုးသားတို့လည်း ယေဇရေလမြို့သို့ချီတက်ကြ၏။
ဒါ ဝိဒ် သည် အ ပေါင်း ပါ တို့ နှင့် တ ကွ နံ နက် အ ချိန် ထ၍ ဖိ လိ တ္တိ ပြည် သို့ ပြန် သွား လေ၏။ ဖိ လိ တ္တိ တပ် ကား ယေ ဇ ရေ လ မြို့ သို့ ချီ သွား သ တည်း။
ဒါဝိဒ်နှင့် သူ၏လူတို့သည် နံနက်စောစောထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း၊ ယေဇရေလမြို့သို့ ချီသွားကြ၏။
ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။
ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
သူတို့၏နယ်နိမိတ်တွင် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊
ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း ယူထားသဖြင့် သူ၌ မယားနှစ်ဦးရှိ၏။
ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။
ထို့ကြောင့် သင်နှင့်လိုက်ပါလာသော သင့်သခင်၏အစေအပါးတို့နှင့်အတူ နံနက်စောစောထလော့။ နံနက်စောစောထ၍ မိုးလင်းသည်နှင့် ထွက်သွားကြလော့”ဟု ဆို၏။
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ