“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
၁ ရာ 28:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမက “မည်သူ့ကို ခေါ်ပေးရမည်နည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “ရှမွေလကို ခေါ်ပေးပါ”ဟု ဆို၏။ Common Language Bible နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။ Garrad Bible ထို အ ခါ က ဝေ မ က၊ မည် သူ့ ကို ခေါ် ပေး ရ မည် နည်း ဟု မေး ရာ ရှ မွေ လ ဟု ဆို ပြီး နောက် ရှော လု ကို Judson Bible မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကိုဖော်ပါဟု ဆို၏။ |
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
ဂါထာရွတ်ဖတ်သူ၊ နတ်ဝင်သည်၊ နတ်ထိန်း၊ လူသေကိုမေးမြန်းသူ စသည်တို့ မရှိစေရ။
ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။
ထိုမိန်းမသည် ရှမွေလကို မြင်လျှင် အသံကျယ်လောင်စွာအော်ဟစ်လျက် ရှောလုမင်းကြီးအား “အဘယ်ကြောင့် အကျွန်ုပ်ကို လှည့်စားသနည်း။ အရှင်ကား ရှောလုမင်းကြီးပင် မဟုတ်လော”ဟု ပြောဆိုလေ၏။
ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။