ဂါသမြို့သို့ ဒါဝိဒ်ထွက်ပြေးသွားသည့်အကြောင်းကို ရှောလုမင်းကြီး ကြားသိလျှင် ဒါဝိဒ်ကို ဆက်၍မရှာတော့ပေ။
ရှောလုသည်ဂါသမြို့သို့ဒါဝိဒ်ထွက်ပြေး ကြောင်းကြားသိရသောအခါ ဒါဝိဒ်အား ရှာဖွေမှုကိုလက်လျော့လိုက်လေသည်။
ရှော လု မင်း သည် ဂါ သ မြို့ သို့ ဒါ ဝိဒ် ထွက် ပြေး သော သ တင်း ကို ကြား လျှင်၊ နောက် တစ် ဖန် မ လိုက် မ ရှာ ဘဲ နေ လေ၏။
ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည်ကြား၍ နောက်တစ်ဖန် မလိုက်မရှာဘဲ နေ၏။
အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။
ထိုအခါ ရှောလုမင်းကြီးက “ငါအပြစ်ပြုမိလေပြီ။ ငါ့သားဒါဝိဒ်၊ ပြန်လာပါ။ သင့်ကို နောက်ထပ်အန္တရာယ်မပြုတော့ပါ။ ကြည့်ရှုလော့။ ငါသည် မိုက်မဲလျက် အမှားကြီးမှားနေသော်လည်း ယနေ့တွင် သင်သည် ငါ့အသက်ကို တန်ဖိုးထားလေပြီ”ဟု ပြန်အော်ပြောလေ၏။
ဒါဝိဒ်နှင့်အတူ သူ့နောက်လိုက်အားလုံးနှင့် သူတို့၏အိမ်ထောင်မိသားစုများအပါအဝင် ဒါဝိဒ်၏ဇနီးနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့သည် ဂါသမြို့၌ အာခိတ်မင်းကြီးနှင့်အတူ နေထိုင်ကြ၏။
ဒါဝိဒ်က အာခိတ်မင်းကြီးအား “အကျွန်ုပ်သည် အရှင်မင်းကြီးရှေ့၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နေထိုင်ဖို့ ကျေးလက်မြို့ တစ်မြို့မြို့ကို ပေးသနားပါ။ အရှင်မင်းကြီး၏အစေအပါးသည် အဘယ်ကြောင့် အရှင်မင်းကြီးနှင့်အတူ မင်းနေပြည်တော်တွင် နေရပါမည်နည်း”ဟု လျှောက်ဆို၏။