ဒါဝိဒ်သည် သူ့လူတို့ကို မိသားစုအလိုက် ခေါ်၍ ဟေဗြုန်မြို့ရွာတို့၌ နေထိုင်စေ၏။
၁ ရာ 27:3 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်နှင့်အတူ သူ့နောက်လိုက်အားလုံးနှင့် သူတို့၏အိမ်ထောင်မိသားစုများအပါအဝင် ဒါဝိဒ်၏ဇနီးနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့သည် ဂါသမြို့၌ အာခိတ်မင်းကြီးနှင့်အတူ နေထိုင်ကြ၏။ Common Language Bible ဒါဝိဒ်တို့လူစုသည်မိမိတို့သားမယားများ နှင့်တကွ ဂါသမြို့တွင်အတည်တကျနေထိုင် ကြ၏။ ဒါဝိဒ်နှင့်အတူသူ၏ဇနီးများဖြစ် သောယေဇရေလမြို့သူအဟိနောင်နှင့် ကရ မေလမြို့မှနာဗလ၏မုဆိုးမအဘိဂဲလ တို့ပါလာကြ၏။- Garrad Bible ယေ ဇ ရေ လ မြို့ သူ အ ဟိ နောင်၊ နာ ဗ လ ခင် ပွန်း ဟောင်း က ရ မေ လ အ ရပ် သူ အ ဘိ ဂဲ လ တို့ ပြင်၊ နောက် ပါ သူ မှ စ၍ အ သီး အ သီး တို့ သား မ ယား များ ပါ အာ ခိတ် မင်း စံ နေ ရာ ဂါ သ မြို့ တွင် နေ ထိုင် ကြ လေ၏။ Judson Bible ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။ |
ဒါဝိဒ်သည် သူ့လူတို့ကို မိသားစုအလိုက် ခေါ်၍ ဟေဗြုန်မြို့ရွာတို့၌ နေထိုင်စေ၏။
သူ့အမည်မှာ နာဗလ၊ သူ့မယားအမည်မှာ အဘိဂဲလဖြစ်၏။ သူ့မယားသည် ဉာဏ်ရည်ထက်မြက်ပြီး ရုပ်ရည်လည်း ချောမောလှပသူဖြစ်၏။ နာဗလမူကား ကာလက်လူမျိုးဖြစ်ပြီး ကြမ်းတမ်းသောသူ၊ စရိုက်ဆိုးသွမ်းသောသူဖြစ်၏။
ဂါသမြို့သို့ ဒါဝိဒ်ထွက်ပြေးသွားသည့်အကြောင်းကို ရှောလုမင်းကြီး ကြားသိလျှင် ဒါဝိဒ်ကို ဆက်၍မရှာတော့ပေ။
ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ မြို့သို့ပြန်ရောက်ချိန်တွင် မြို့မှာ မီးရှို့ဖျက်ဆီးထားခြင်းခံရသည်ကို တွေ့ရှိရ၏။ သူတို့၏ဇနီးနှင့် သားသမီးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်သောကြောင့်
ဒါဝိဒ်၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ၏မယားဖြစ်ခဲ့ဖူးသော ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၏။