ဤသို့ဖြင့် ဒါဝိဒ်သည် ဟေဗြုန်မြို့သို့ တက်သွားရာတွင် သူ၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့လည်း ပါလေ၏။
၁ ရာ 25:42 - မြန်မာ့စံမီသမ္မာကျမ်း အဘိဂဲလသည် ချက်ချင်းထ၍ အနီးကပ်အစေခံအမျိုးသမီးငါးဦးပါလျက် မြည်းကိုစီးကာ ဒါဝိဒ်၏တမန်တို့နှင့်အတူ လိုက်သွား၍ ဒါဝိဒ်၏မယားအဖြစ် ခံယူလေ၏။ Common Language Bible လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။ Garrad Bible နောက် ပါ ကျွန် မိန်း မ ငါး ယောက် နှင့် မြည်း စီး လျက် အောင် တ မန် တို့ နောက် သို့ လိုက်၍ ကြင် ဘက် မျှ လေ၏။ Judson Bible အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့်တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။ |
ဤသို့ဖြင့် ဒါဝိဒ်သည် ဟေဗြုန်မြို့သို့ တက်သွားရာတွင် သူ၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့လည်း ပါလေ၏။
ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူ အဟိနောင်နှင့်ရသောအာမနုန်၊
ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊
ဒါဝိဒ်နှင့်အတူ သူ့နောက်လိုက်အားလုံးနှင့် သူတို့၏အိမ်ထောင်မိသားစုများအပါအဝင် ဒါဝိဒ်၏ဇနီးနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့သည် ဂါသမြို့၌ အာခိတ်မင်းကြီးနှင့်အတူ နေထိုင်ကြ၏။
ဒါဝိဒ်၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ၏မယားဖြစ်ခဲ့ဖူးသော ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၏။