သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
၁ ရာ 25:31 - မြန်မာ့စံမီသမ္မာကျမ်း သို့မှ အကျွန်ုပ်သခင်သည် အကြောင်းမဲ့လူသတ်ခြင်း၊ ကိုယ်တိုင်လက်စားချေခြင်းကြောင့် စိတ်သောကရောက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်း မရှိဘဲနေလိမ့်မည်။ ထိုသို့ ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို ကောင်းစားစေသောအခါ သခင့်ကျွန်မကိုလည်း သတိရပါ”ဟု ဆိုလေ၏။ Common Language Bible အရှင်သည်မိမိပြုခဲ့သည့်လက်စားချေမှုနှင့် အကြောင်းမဲ့သတ်ဖြတ်မှုတို့အတွက်ဝမ်းနည်း ရလိမ့်မည်မဟုတ်ပါ။ နောင်တရရန်အကြောင်း လည်းရှိလိမ့်မည်မဟုတ်ပါ။ အရှင်ပြုသည့်အမှု မှန်သမျှကိုထာဝရဘုရားကောင်းချီးပေး တော်မူသောအခါ ကျွန်တော်မအားသတိရ တော်မူပါ။'' Garrad Bible အ ကြောင်း မဲ့ အ သွေး သွန်း၍ အောင် မြင် ရ သော အ မှု သည် အ ရှင်၌ နောင် တ သံ ဝေ ဂ ရ ရန် အ ကြောင်း ရှိ တော့ မည် မ ဟုတ် ပါ။ ထာ ဝ ရ ဘု ရား သည် အ ရှင် အား ထို သို့ သော မင်္ဂ လာ ပြု တော် မူ သည့် ကာ လ၊ ကျွန် မ ကို သ တိ ရ တော် မူ ပါ ဟု လျှောက် လေ၏။ Judson Bible ကျွန်မ၏သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်လည်းကောင်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်လည်းကောင်း ကျွန်မ၏သခင် ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ် အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရားသည် ကျွန်မ၏သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။ |
သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတကာတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။
လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊ လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
အသားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ်တိုက်စေသောအရာကိုလည်း မပြုဘဲနေလျှင် ကောင်း၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ယခုမှာ ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် တရားသူကြီးအဖြစ် တရားစီရင်တော်မူပါစေသော။ ကိုယ်တော်သည် ကြည့်ရှု၍ အကျွန်ုပ်၏အမှုကို ဖြေရှင်းပေးတော်မူပါစေသော။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါစေသော”ဟု ဆိုလေ၏။
ထာဝရဘုရားသည် အကျွန်ုပ်သခင့်အဖို့ မိန့်တော်မူခဲ့သောကောင်းမြတ်သောအရာရှိသမျှတို့သည် အမှန်ဖြစ်လာပါစေသော။ သခင့်အား အစ္စရေးလူမျိုးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူပါစေသော။
သင်၏ဆင်ခြင်တုံတရားရှိမှုအတွက် သင်ကောင်းချီးခံစားရပါစေသော။ ယနေ့မှာ သင်သည် ငါ့ကို လူအသက်သတ်ခြင်းအမှု၊ ကိုယ်တိုင်လက်စားချေခြင်းအမှုမှ ကင်းဝေးစေသောကြောင့် သင်ကောင်းချီးခံစားရပါစေသော။
ဒါဝိဒ်၏အစေအပါးတို့သည် ကရမေလမြို့ရှိအဘိဂဲလထံသို့ သွား၍ “သင့်ကို မယားအဖြစ် တောင်းဆိုပေးရန် ဒါဝိဒ်သည် အကျွန်ုပ်တို့ကို သင့်ထံ စေလွှတ်ပါ၏”ဟု ဆိုကြ၏။
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။