သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
၁ ရာ 25:23 - မြန်မာ့စံမီသမ္မာကျမ်း အဘိဂဲလသည် ဒါဝိဒ်ကိုမြင်လျှင် မြည်းပေါ်မှအလျင်အမြန်ဆင်း၍ ဒါဝိဒ်ရှေ့ မြေပေါ်တွင် ဦးညွှတ်ပျပ်ဝပ်လေ၏။ Common Language Bible အဘိဂဲလသည်ဒါဝိဒ်ကိုမြင်လျှင်ဆောလျင် စွာမြည်းပေါ်မှဆင်း၍ ဒါဝိဒ်၏ခြေရင်းတွင် မြေပေါ်သို့လှဲချကာ ဤသို့လျှောက်၏။ ``အရှင်၊ ကျေးဇူးပြု၍ကျွန်မ၏စကားကိုနားထောင် တော်မူပါ။ ဖြစ်ခဲ့သမျှအမှုအတွက်ကျွန်မ ကိုပင်အပြစ်တင်တော်မူပါ။- Garrad Bible အ ဘိ ဂဲ လ သည် ဒါ ဝိဒ် ကို မြင် လျှင် မြင် ချင်း မြည်း ပေါ် မှ ဆင်း၍ ရှေ့ တွင် ပျပ် ဝပ် ရှိ ခိုး လေ၏။ Judson Bible အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊ |
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
တေကောမြို့သူ ထိုအမျိုးသမီးသည် ရှင်ဘုရင်ထံသွား၍ မြေပေါ်ပျပ်ဝပ်ဦးညွှတ်လျက် “အရှင်မင်းကြီး၊ ကယ်မတော်မူပါ”ဟု လျှောက်၏။
အဟိမတ်ကလည်း ရှင်ဘုရင်အား “ချမ်းမြေ့ပါစေ”ဟု နှုတ်ခွန်းဆက်သပြီးလျှင် ရှင်ဘုရင်ရှေ့ မြေပေါ်တွင်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူတို့အား ရှုံးနိမ့်စေတော်မူသော အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု လျှောက်လေ၏။
ရှောလုမင်းကြီး၏မြေး၊ ယောနသန်၏သားမေဖိဗောရှက်သည် ဒါဝိဒ်မင်းကြီးထံရောက်လာသောအခါ ရှေ့တော်တွင် ပျပ်ဝပ်ရှိခိုး၏။ ဒါဝိဒ်မင်းကြီးက “သင်ကား မေဖိဗောရှက်လော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
ဒါဝိဒ်မင်းကြီးသည် ဩရနန်ထံသို့ ချဉ်းကပ်လာ၏။ ဩရနန်သည် လှမ်းကြည့်၍ ဒါဝိဒ်မင်းကြီးကို မြင်လျှင် ကောက်နယ်တလင်းမှ ထွက်လာ၍ ဒါဝိဒ်မင်းကြီးရှေ့ မြေမှာပျပ်ဝပ်လေ၏။
အာခသသည် ခင်ပွန်းနှင့်လိုက်သွားစဉ် မိမိဖခင်ထံမှလယ်တစ်ကွက်ကို တောင်းရန် ခင်ပွန်းသည်အားဆို၏။ အာခသသည် မြည်းပေါ်မှဆင်းသောအခါ ကာလက်က “ဘာအလိုရှိသနည်း”ဟု မေး၏။
အာခသသည် ခင်ပွန်းနှင့်လိုက်သွားစဉ် မိမိဖခင်ထံမှလယ်တစ်ကွက် တောင်းကြမည်ဟု ခင်ပွန်းသည်အားဆိုလျက် မြည်းပေါ်ကဆင်းသောအခါ ကာလက်က “ဘာအလိုရှိသနည်း”ဟု မေး၏။
ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ
ထိုသူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် တောင်ဘက်ပုန်းအောင်းရာမှ ထွက်လာပြီး မြေပေါ်မှာ ပျပ်ဝပ်လျက် သုံးကြိမ်ဦးချလေ၏။ ပြီးလျှင် တစ်ဦးကိုတစ်ဦး ဖက်နမ်းလျက် ငိုကြွေးကြ၏။ ဒါဝိဒ်သည် ယောနသန်ထက် ပို၍ငိုကြွေးလေ၏။
ထို့နောက် ဒါဝိဒ်သည် လိုဏ်ဂူထဲမှထွက်လာပြီး “အကျွန်ုပ်၏သခင်၊ အရှင်မင်းကြီး”ဟု ရှောလုမင်းကြီး၏နောက်မှ အော်ခေါ်ရာ ရှောလုမင်းကြီးသည် နောက်သို့လှည့်ကြည့်လျှင် ဒါဝိဒ်သည် မြေပေါ်ပျပ်ဝပ်လျက် ဦးချလေ၏။
အဘိဂဲလသည် ဒါဝိဒ်ခြေရင်းတွင် ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကိုသာ အပြစ်ပေးပါ။ ယခု သခင့်ကျွန်မလျှောက်တင်ပါရစေ။ သခင့်ကျွန်မ၏စကားကို နားထောင်ပေးပါ။
ထိုအခါ အဘိဂဲလသည် ထ၍ မြေပေါ်တွင် ပျပ်ဝပ်လျက် “သခင့်ကျွန်မသည် သခင့်အစေအပါးတို့၏ခြေကို ဆေးပေးရမည့်ကျွန်မ ဖြစ်ပါ၏”ဟု ဆိုပြီးလျှင်