ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး
၁ ရာ 24:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူ့နောက်လိုက်တို့အား “ထာဝရဘုရား ဘိသိက်ပေးတော်မူသော ငါ့သခင်ကို ကိုယ်ထိလက်ရောက်ပြုခြင်းမှ ထာဝရဘုရားသည် ငါ့ကို ဆီးတားတော်မူပါစေသော။ အကြောင်းမူကား ထိုသခင်သည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏”ဟု ဆို၏။ Common Language Bible ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။- Garrad Bible ဒါ ဝိဒ် က၊ ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ဖြစ် သော ကြောင့် ငါ့ အ ရှင်၊ ထို ဘိ သိက် တော် ခံ မင်း ကို လက် ရောက် မှု အ ပြစ် သည် ငါ နှင့် ကင်း ဝေး ပါ စေ သော ဟု အ ပေါင်း ပါ တို့ အား ဆို လျက် Judson Bible ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါ့အရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊ |
ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး
ဒါဝိဒ်မင်းကြီးသည် ထိုသို့ လူအရေအတွက်စာရင်းကို ကောက်ယူပြီးမှ နောင်တရသဖြင့် ထာဝရဘုရားအား “အကျွန်ုပ်သည် ကြီးမားသောအပြစ်ကိုကျူးလွန်မိပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော့်အစေအပါး၏အပြစ်ကို ဖြေလွှတ်တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်မဲသောအမှုကို ပြုမိပါပြီ”ဟု လျှောက်ဆိုလေ၏။
နာဗုတ်က အာဟပ်မင်းကြီးအား “ဤမြေသည် ဘိုးဘေးတို့ထံမှရထားသောအမွေမြေဖြစ်၏။ ထာဝရဘုရားတားမြစ်ထားသည်ဖြစ်၍ အရှင်မင်းကြီးအား ပေး၍မရပါ”ဟု ပြန်လျှောက်၏။
သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
သင်တို့အားညှဉ်းဆဲသောသူတို့ကို ကောင်းချီးပေးကြလော့။ ကောင်းချီးကိုသာပေး၍ ကျိန်ဆဲခြင်းကိုမပြုကြနှင့်။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
ထိုသို့ ပြောဆိုခြင်းဖြင့် ဒါဝိဒ်သည် မိမိနောက်လိုက်တို့ကို တားဆီးလေ၏။ ရှောလုမင်းကြီးအား တိုက်ခိုက်ရန် အခွင့်မပေး။ ရှောလုမင်းကြီးသည်လည်း လိုဏ်ဂူထဲမှထွက်ပြီး ခရီးဆက်လေ၏။