ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ ငါ့ကို ကျေးဇူးပြုတော်မူ၏။ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကို ချီးမြှောက်တော်မူ၏။
၁ ရာ 24:19 - မြန်မာ့စံမီသမ္မာကျမ်း လူသည် မိမိရန်သူကိုတွေ့လျှင် သူ့ကို ဘာမျှမပြုဘဲ အလွတ်ပေးမည်လော။ သို့သော် ယနေ့မှာ ငါ့ကို သင်ပြုပေးခဲ့သမျှ ထာဝရဘုရားသည် သင့်ကို ကောင်းသောအရာများ ပြန်ပေးတော်မူပါစေသော။ Common Language Bible လူသည်မိမိရန်သူကိုဖမ်းဆီးရမိပြီး နောက် ဘယ်အခါ၌ချမ်းသာပေးဖူးပါ သနည်း။ ယနေ့ငါ့အားသင်ပြုသောအမှု အတွက် ဘုရားသခင်သင့်ကိုကောင်းချီး ပေးတော်မူပါစေသော။- Garrad Bible လူ တို့ သည် ရန် သူ ကို တွေ့ မိ လျှင် ဘေး မဲ့ လွှတ် လိမ့် မည် လော။ ငါ၌ ယ နေ့ သင် ပြု သော ကျေး ဇူး အ စား၊ ထာ ဝ ရ ဘု ရား ဆပ် ပေး တော် မူ ပါ စေ သော။ Judson Bible လူသည် ရန်သူကိုတွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသောကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။ |
ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ ငါ့ကို ကျေးဇူးပြုတော်မူ၏။ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကို ချီးမြှောက်တော်မူ၏။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။
“သင်မစိုးရိမ်နှင့်။ ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်အသက်ကို ရန်ရှာနိုင်မည်မဟုတ်။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရင် ဖြစ်ရလိမ့်မည်။ ငါသည် သင့်အတွက် လက်ရုံးသဖွယ်ဖြစ်မည်။ ဤသည်ကို ငါ့ခမည်းတော်ရှောလုမင်းကြီးလည်း သိပါ၏”ဟု ဆို၏။
ထိုအခါ ရှောလုမင်းကြီးက သူတို့အား “သင်တို့ ငါ့ကို စာနာထောက်ထားကြသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးပါစေ။
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။
ရှောလုမင်းကြီးကလည်း ဒါဝိဒ်အား “ငါ့သားဒါဝိဒ်၊ သင်သည် ကောင်းချီးမင်္ဂလာခံစားရပါစေသော။ အကယ်စင်စစ် သင်သည် ပြုလေရာရာ၌ အောင်မြင်လိမ့်မည်”ဟု အော်ပြောပြီးလျှင် ဒါဝိဒ်သည် ပြန်သွားပြီး ရှောလုမင်းကြီးလည်း သူ၏နေရပ်သို့ ပြန်သွားလေ၏။