ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။
၁ ရာ 24:14 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်သည် မည်သူ့ကို တိုက်ခိုက်ရန် ထွက်လာသနည်း။ မည်သူ့နောက်ကို လိုက်နေသနည်း။ ခွေးသေကောင်နောက်ကိုလော၊ ခွေးလှေးတစ်ကောင်နောက်ကိုလော။ Common Language Bible ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။- Garrad Bible ဣ သ ရေ လ ဘု ရင် မင်း ဖြစ် သော အ ရှင် သည် မည် သူ့ ကို လိုက် လံ ရန် ထွက် ချီ ခဲ့ ပါ သ နည်း။ ခွေး သေ ကောင်၊ ခွေး လှေး ကောင် မျှ သာ မ ဟုတ် ပါ လော။ Judson Bible ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကိုလိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။ |
ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။
ဣရှဗောရှက်မင်းကြီး၏စကားကြောင့် အာဗနာ အလွန်အမျက်ထွက်ပြီး “ငါ့ကို ယုဒအမျိုး၏ခွေးခေါင်းများမှတ်နေသလော။ ယခု ငါသည် သင့်ဖခင်ရှောလုမင်းကြီး၏အမျိုးအနွယ်နှင့် သူ့ညီအစ်ကို၊ သူ့မိတ်ဆွေတို့ကို မေတ္တာပြခဲ့၏။ သင့်ကိုလည်း ဒါဝိဒ်မင်းကြီးလက်သို့ မအပ်။ သို့သော် ယနေ့ မိန်းမတစ်ယောက်နှင့်ဆိုင်သောအမှားအတွက် ငါ့အား အပြစ်တင်ရသလော။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။
သူသည် ပျပ်ဝပ်လျက် “အရှင့်အစေအပါးသည် မည်သို့သောသူဖြစ်ပါသနည်း။ ခွေးသေကောင်နှင့်တူသောအကျွန်ုပ်ကို အဘယ်ကြောင့် အရေးတယူပြုတော်မူရပါသနည်း”ဟု ပြန်လျှောက်၏။
ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
ထို့နောက် ဖိလိတ္တိပြည်သားက ဒါဝိဒ်အား “သင်သည် တောင်ဝှေးမျှလောက်ဖြင့် ငါ့ထံလာသည်မှာ ငါသည် ခွေးဖြစ်၍လော”ဟု ဆိုလျက် ဖိလိတ္တိပြည်သားသည် မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲ၏။
ယခုမှာ ထာဝရဘုရားရှေ့တော်နှင့်ဝေးရာ၌ အကျွန်ုပ်ကို မသတ်ပါနှင့်။ အစ္စရေးဘုရင်သည် တောင်များပေါ်တွင် ခါငှက်ကိုလိုက်သကဲ့သို့ ခွေးလှေးတစ်ကောင်ကို ရှာထွက်လေပြီ”ဟု ပြန်အော်ပြော၏။