ကိလမြို့သို့ချီသွား၍ ဒါဝိဒ်နှင့်သူ၏လူများကို ဝိုင်းထားပြီး တိုက်ခိုက်ရန် ရှောလုမင်းကြီးသည် စစ်သည်အပေါင်းတို့ကို စုဝေးစေ၏။
ထို့ကြောင့်ရှောလုသည်စစ်သည်တပ်သားများ အားဆင့်ခေါ်ပြီးလျှင် ကိလမြို့သို့ချီတက် ၍ဒါဝိဒ်နှင့်အပေါင်းပါတို့အားဝိုင်းရံရန် အမိန့်ပေးတော်မူ၏။
ကိ လ မြို့ သို့ ဆင်း ချီ၍ ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကို ဝန်း ဝိုင်း တိုက် ခိုက် ရန် ဗိုလ် ထု အ ပေါင်း တို့ ကို စု ရုံး လေ ၏။
ကိလမြို့သို့စစ်ချီ၍ ဒါဝိဒ်နှင့်သူ၏လူတို့ကို ဝိုင်းထားခြင်းငှာ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်
ထို့နောက် ဒါဝိဒ်က “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကြောင့် ရှောလုမင်းကြီးသည် ကိလမြို့သို့ ချီလာ၍ မြို့ကိုဖျက်ဆီးရန် ကြံစည်နေသည်ကို ကိုယ်တော်၏အစေအပါး ကြားသိရပါ၏။
ဒါဝိဒ်သည် ကိလမြို့သို့ရောက်လာကြောင်းကို ရှောလုမင်းကြီးကြားသောအခါ “ဘုရားသခင်သည် ဒါဝိဒ်ကို ငါ့လက်သို့အပ်တော်မူပြီ။ သူသည် မြို့တံခါးများ၊ ကန့်လန့်ကျင်များ အခိုင်အမာရှိသောမြို့ထဲသို့ဝင်၍ ကိုယ့်ကိုယ်ကိုယ်ပိတ်မိစေပြီ”ဟု ဆိုပြီး
ရှောလုမင်းကြီး မကောင်းကြံစည်နေသည်ကို ဒါဝိဒ်သိလျှင် ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ယူခဲ့ပါ”ဟု မှာလိုက်၏။