ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
၁ ရာ 23:7 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် ကိလမြို့သို့ရောက်လာကြောင်းကို ရှောလုမင်းကြီးကြားသောအခါ “ဘုရားသခင်သည် ဒါဝိဒ်ကို ငါ့လက်သို့အပ်တော်မူပြီ။ သူသည် မြို့တံခါးများ၊ ကန့်လန့်ကျင်များ အခိုင်အမာရှိသောမြို့ထဲသို့ဝင်၍ ကိုယ့်ကိုယ်ကိုယ်ပိတ်မိစေပြီ”ဟု ဆိုပြီး Common Language Bible ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။- Garrad Bible ကိ လ မြို့ သို့ ဒါ ဝိဒ် ရောက် လာ သ တင်း ကြား သော်၊ ရှော လု မင်း က၊ ဒါ ဝိဒ် သည် မြို့ တွင်း သို့ ဝင် ရောက်၍ တံ ခါး ကန့် လန့် ကျင် များ ဖြင့် ချည် နှောင် ပြီး ဖြစ် သည် နှင့် အ ညီ ငါ့ လက် တွင်း သို့ ဘု ရား သ ခင် လွှဲ အပ် တော် မူ ပြီ ဟု အောက် မေ့ လျက် Judson Bible ဒါဝိဒ်သည် ကိလမြို့သို့ရောက်ကြောင်းကို ရှောလုသည်ကြားလျှင်၊ ဘုရားသခင်သည် သူ့ကိုငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊ |
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ဝိုင်းထားခြင်းခံရသောမြို့ထဲ၌ အကျွန်ုပ်ရှိစဉ် ကိုယ်တော်သည် မိမိ၏မေတ္တာကရုဏာတော်ကို အကျွန်ုပ်အားအံ့ဩဖွယ်ပြသတော်မူ၏။
ဖာရောမင်းကြီးက အစ္စရေးအမျိုးသားတို့နှင့်ပတ်သက်၍ ‘သူတို့သည် မြေပြင်ပေါ်တွင် တဝဲလည်လည်ဖြစ်နေကြပြီ။ တောကန္တာရ၌ သူတို့ပိတ်မိနေကြပြီ’ဟု ဆိုလိမ့်မည်။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
ဒါဝိဒ်သည် တောကန္တာရထဲရှိ ဥမင်လိုဏ်ခေါင်းများနှင့် ဇိဖတောကန္တာရရှိတောင်ပေါ်ဒေသတို့တွင် ပုန်းရှောင်နေထိုင်၏။ ရှောလုမင်းကြီးသည် နေ့စဉ်နှင့်အမျှ ဒါဝိဒ်ကို ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်ကို ရှောလုမင်းကြီးလက်သို့ အပ်တော်မမူ။
အဟိမလက်၏သား အဗျာသာသည် ကိလမြို့ရှိ ဒါဝိဒ်ထံသို့ ပြေးလာစဉ်က မိမိနှင့်အတူ ဧဖုဒ်ကို ယူဆောင်လာခဲ့၏။
ကိလမြို့သို့ချီသွား၍ ဒါဝိဒ်နှင့်သူ၏လူများကို ဝိုင်းထားပြီး တိုက်ခိုက်ရန် ရှောလုမင်းကြီးသည် စစ်သည်အပေါင်းတို့ကို စုဝေးစေ၏။