ထိုအခါ ရှောလုမင်းကြီး၏သားယောနသန်သည် ဒါဝိဒ်ရှိရာ ဟောရေရှအရပ်သို့ ထသွား၍ ဒါဝိဒ်အား ဘုရားသခင်၌ ခွန်အားပေးလျက်
ယောနသန်သည်ဒါဝိဒ်ထံသို့လာ၍ ဘုရားသခင်၏ကွယ်ကာစောင့်ထိန်းမှုကိုစိတ်ချ ယုံကြည်ရန်အားပေးလျက်၊-
ရှော လု မင်း သား တော် ယော န သန် သည် ဒါ ဝိဒ် ရှိ ရာ သို့ သွား ရောက် လျက် မ ကြောက် ပါ လင့်။ သင့် အ ပေါ် သို့ ခ မည်း တော် ရှော လု မင်း လက် တော် ရောက် မည် မ ဟုတ်။ သင် သည် ဣ သ ရေ လ လူ မျိုး၏ ဘု ရင် ဖြစ် မည်။ ငါ လည်း သင့် လက် အောက် နန်း ရံ ဖြစ် မည် ကို ခ မည်း တော် ရှော လု မင်း ရိပ် မိ တော် မူ သည် ဟု ဆို လျက်၊ ဘု ရား သ ခင် ကို အ မှီ ပြု စေ၍ အား ပေး ပြီး လျှင်
ရှောလု၏သားယောနသန်သည် ထ၍ ဒါဝိဒ်ရှိရာတောအုပ်သို့ သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှာ ထောက်မလျက်၊
ထို့ပြင် ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူကြောင်းနှင့် ငါ့အား ရှင်ဘုရင် ပြောခဲ့သောစကားများကို သူတို့အားပြောပြသောအခါ သူတို့က “ငါတို့ ထ၍တည်ဆောက်ကြစို့”ဟု ဆိုလျက် ထိုကောင်းသောအမှုကို အားတက်သရော စတင်လုပ်ဆောင်ကြ၏။
ငါ့နှုတ်ဖြင့် သင်တို့ကို အားပေးမည်။ ငါ့နှုတ်ခမ်းမှနှစ်သိမ့်ပေးမှုသည် သက်သာရာကို ရစေမည်။
သံသည် သံကိုထက်စေသကဲ့သို့ လူသည်လည်း အခြားသောသူကိုထက်မြက်စေတတ်၏။
နံ့သာဆီနှင့်နံ့သာပေါင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ မိတ်ဆွေထံမှနှစ်လိုဖွယ်ကောင်းသောအရာကား စေတနာစိတ်ဖြင့် သူပေးသောအကြံဉာဏ်ဖြစ်၏။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
ယောရှုသည် ဤလူမျိုးတို့ကို ဦးဆောင်လျက် ဂျော်ဒန်မြစ်ကိုကူးသွား၍ သင်တွေ့မြင်ရမည့်ပြည်ကို သူတို့အား အမွေခွဲပေးရမည်ဖြစ်သောကြောင့် သူ့ကိုညွှန်ကြားလော့။ သူ့ကို အားပေးထောက်မလော့’ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။
ဒါဝိဒ်သည် ဇိဖတောကန္တာရရှိ ဟောရေရှအရပ်တွင် ပုန်းရှောင်နေစဉ် သူ့အားသတ်ရန် ရှောလုမင်းကြီးထွက်လာကြောင်းကို ကြားသိရ၏။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။