ထို့နောက် မောရှေသည် တောင်ပေါ်မှ လူတို့ထံသို့ ဆင်းလာ၍ လူတို့ကိုသန့်ရှင်းစေ၏။ သူတို့သည်လည်း မိမိတို့၏အဝတ်အစားများကိုလျှော်ကြ၏။
၁ ရာ 21:5 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်ကလည်း ယဇ်ပုရောဟိတ်အား “ယခင်ကတည်းက စစ်ချီထွက်လျှင် မိန်းမကို ရှောင်မြဲဖြစ်ပါ၏။ သာမန်ခရီးသွားချိန်၌ပင် ယောက်ျားတို့အင်္ဂါမှာ သန့်ရှင်းပါ၏။ ယခုတွင် ပို၍ပင်သန့်ရှင်းပါ၏”ဟု ပြန်ပြော၏။ Common Language Bible ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။ Garrad Bible ဒါ ဝိဒ် က၊ ယ ခု သာ မ ည ခ ရီး ဖြစ် သော် လည်း ကျွန် တော် ယ မန် ချီ ထွက် ရ သည့် နည်း တူ မာ တု ဂါ မ နှင့် ကင်း လွတ် ကြ ပါ၏။ ငယ် သား တို့ အ သုံး အ ဆောင် များ ပါ သီး သန့် ပြီး ဖြစ်၍ ယ နေ့ တွင် မု ချ သီး သန့် လျက် ရှိ ပါ သည် ဟု ဝန် ခံ သည့် အ တိုင်း Judson Bible ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့်မပေါင်းဖော်၊ လုလင်တန်ဆာတို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ်အား ပြန်ပြောသော်၊ |
ထို့နောက် မောရှေသည် တောင်ပေါ်မှ လူတို့ထံသို့ ဆင်းလာ၍ လူတို့ကိုသန့်ရှင်းစေ၏။ သူတို့သည်လည်း မိမိတို့၏အဝတ်အစားများကိုလျှော်ကြ၏။
မောရှေက လူတို့အား “တတိယနေ့၌ အသင့်ပြင်ဆင်ထားကြလော့။ မိန်းမကိုမချဉ်းကပ်ကြနှင့်”ဟု ဆိုလေ၏။
ထိုမုန့်သည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာများထဲမှ အာရုန်အတွက် အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုမုန့်ကို သန့်ရှင်းသောနေရာ၌စားရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ ဆီရောသောမုန့်ကွင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခု စသည်တို့ကိုယူ၍ အဆီနှင့်ယာဘက်ပေါင်ပေါ်၌ တင်၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။
အကြောင်းမူကား ဘုရားသခင်အလိုတော်ရှိလျှင် မကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းထက် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းသည် သာ၍ကောင်း၏။