ထိုအခါ ရှမွေလက “အကျွန်ုပ် မည်သို့သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် အကျွန်ုပ်ကို သတ်ပါလိမ့်မည်”ဟု ပြန်လျှောက်ရာ ထာဝရဘုရားက “နွားအုပ်ထဲမှ နွားမတမ်းတစ်ကောင်ကိုယူ၍ ‘ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငါလာသည်’ဟု ဆိုလော့။
၁ ရာ 20:29 - မြန်မာ့စံမီသမ္မာကျမ်း သူက ‘ထိုမြို့၌ အကျွန်ုပ်တို့မျိုးနွယ်စု၏ယဇ်ပူဇော်ပွဲရှိသည်ဖြစ်၏။ အကျွန်ုပ်၏အစ်ကိုလည်း အကျွန်ုပ်ကို မှာလိုက်ပါပြီ။ ထို့ကြောင့် အရှင်အလိုရှိလျှင် အကျွန်ုပ်၏အစ်ကိုတို့နှင့် ပြန်လည်တွေ့ဆုံခွင့်ပြုပါ’ဟု ဆိုပါ၏။ ထို့ကြောင့် ယခု အရှင်မင်းကြီး၏စားသောက်ပွဲသို့ သူမလာနိုင်ပါ”ဟု ပြန်လျှောက်၏။ Common Language Bible ထိုမြို့တွင်အကျွန်ုပ်၏ဆွေမျိုးသားချင်း တို့သည်ယဇ်ပူဇော်ပွဲကျင်းပလျက်နေကြ သဖြင့် အစ်ကိုကလည်းအကျွန်ုပ်အားလာ ရမည်ဟုဆိုပါသည်။ သင်သည်အကျွန်ုပ်ကို ခင်မင်ပါကအကျွန်ုပ်အားညီအစ်ကိုတို့ ကိုတွေ့ရန်သွားခွင့်ပြုပါဟုပန်ကြားပါ၏။ ထို့ကြောင့်သူသည်အရှင်၏စားပွဲတော် တွင်မရှိခြင်းဖြစ်ပါသည်'' ဟုပြန်ကြား လျှောက်ထား၏။ Garrad Bible ဆွေ မျိုး သား ချင်း တို့ နေ ရင်း မြို့၌ ပူ ဇော် ပွဲ လုပ် ကြ ပါ သည်။ အစ် ကို လည်း ကျွန် တော် ကို ခေါ် ဖိတ် သည် ဖြစ်၍ အ ရှင် ကြည် သာ လျှင် ညီ အစ် ကို တို့ ကို အ တွေ့ အ မြင် ထွက် သွား ခွင့် ပြု တော် မူ ပါ ဟူ၍ ပန် သည့် အ တိုင်း စား ပွဲ တော် သို့ မ လာ မ ရောက် ပါ ဟု တင် လျှောက် သော အ ခါ Judson Bible အကျွန်ုပ် သွားရသောအခွင့်ကိုပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကိုဆောင်ကြပါ၏။ အကျွန်ုပ်အစ်ကိုလည်း မှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထိုကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။ |
ထိုအခါ ရှမွေလက “အကျွန်ုပ် မည်သို့သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် အကျွန်ုပ်ကို သတ်ပါလိမ့်မည်”ဟု ပြန်လျှောက်ရာ ထာဝရဘုရားက “နွားအုပ်ထဲမှ နွားမတမ်းတစ်ကောင်ကိုယူ၍ ‘ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငါလာသည်’ဟု ဆိုလော့။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။
ယောနသန်က “ဒါဝိဒ်သည် ဗက်လင်မြို့သို့ ပြန်သွားခွင့်ပြုပါမည့်အကြောင်း အကျွန်ုပ်ထံ တစာစာခွင့်တောင်းပါ၏။
ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်အား အမျက်ပြင်းစွာထွက်လျက် “ပုန်ကန်ဖောက်ပြားသောမိန်းမ၏သား၊ သင်အရှက်ရအောင်၊ သင့်မိခင် အဝတ်အချည်းစည်းဖြစ်ပြီး အရှက်ကွဲအောင် သင်သည် ယေရှဲ၏သားဘက်၌ ရပ်တည်နေသည်ကို ငါမသိဘဲနေမည်လော။