သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
၁ ရာ 20:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောနသန်က ဒါဝိဒ်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ မနက်ဖြန်၊ သန်ဘက်ခါ ဤအချိန်တွင် ငါ့ခမည်းတော်ကို ငါစောင့်ကြည့်မည်။ သင်ဒါဝိဒ်အပေါ် ငါ့ခမည်းတော်ကောင်းမည်ဆိုလျှင် ငါသည် သင့်ထံသို့လူလွှတ်၍ ဆက်ဆက်ပြောကြားပေးမည်။ Common Language Bible ထိုနောက်ယောနသန်သည်ဒါဝိဒ်အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ကျွန်ုပ်ကတိပြု ပါ၏။ ကျွန်ုပ်သည်နက်ဖြန်ခါနှင့်သန်ဘက်ခါ ဤအချိန်တွင်ခမည်းတော်အားစုံစမ်းမေး မြန်းပါမည်။ သင့်အပေါ်တွင်သူ၏စိတ်နေ စိတ်ထားကောင်းမွန်ပါက သင့်ထံသို့ အကြောင်းကြားပါမည်။- Garrad Bible ထို အ ခါ ယော န သန် က၊ နက် ဖြန်၊ သန် ဘက်၊ ယ ခု အ ချိန် တွင် ခ မည်း တော် ကို စုံ စမ်း ပြီး မှ ဒါ ဝိဒ် အား အ ကောင်း ကြံ သည် မှန် က ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို တိုင် တည် ၍ သ တင်း မ ပေး ဘဲ ငါ နေ မည် မ ဟုတ်။ Judson Bible ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကိုစုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသောအကြံရှိ၍ သင့်ကိုကျွန်ုပ်မကြားလိုက်ဘဲ နေသော်လည်းကောင်း၊ |
သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
ကိုယ်တော်သည် ငါလျှောက်သောလမ်းကို မြင်တော်မူသည်ဖြစ်၍ ငါ၏ခြေလှမ်းတိုင်းကို ရေတွက်တော်မူသည်မဟုတ်လော။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။ အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
လူ၏စိတ်နှလုံး၌ရှိသောအကြံဉာဏ်သည် နက်သောရေနှင့်တူ၏။ သို့သော် ထိုးထွင်းဉာဏ်ရှိသောသူသည် ၎င်းကိုခပ်ယူလိမ့်မည်။
“တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား၊ တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား သိတော်မူပါ၏။ အစ္စရေးလူမျိုးတို့ကိုလည်း သိစေတော်မူပါ။ ထာဝရဘုရားကိုပုန်ကန်မိလျှင်၊ ပြစ်မှားမိလျှင် ယနေ့ အကျွန်ုပ်တို့ကို ချမ်းသာခွင့်မပေးပါနှင့်။
ယောနသန်ကလည်း ဒါဝိဒ်အား “လာပါ။ ငါတို့ တောထဲသို့ သွားရအောင်”ဟု ဆိုပြီး နှစ်ယောက်သား တောသို့ ထွက်သွားကြ၏။
ငါ့ခမည်းတော်က သင့်ကိုမကောင်းကြံလျှင်လည်း သင်သည် ဘေးကင်းစွာ ထွက်သွားနိုင်ရန် သင့်ကို ပြောကြားပေးမည်။ ထိုသို့ငါမပြုလျှင် ထာဝရဘုရားသည် ငါယောနသန်ကို ထိုထက်မကပြုတော်မူပါစေသော။ ထာဝရဘုရားသည် ငါ့ခမည်းတော်နှင့်အတူရှိတော်မူသကဲ့သို့ သင်နှင့်လည်း အတူရှိတော်မူပါစေသော။
ထို့နောက် သူတို့နှစ်ဦး ထာဝရဘုရားရှေ့တော်တွင် ကတိသစ္စာပြု၍ ဒါဝိဒ်သည် ဟောရေရှအရပ်၌နေခဲ့ပြီး ယောနသန်ကား သူ့အိမ်သို့ပြန်သွားလေ၏။