ဒါဝိဒ်ကလည်း ယောနသန်အား “အကယ်၍ သင့်ခမည်းတော်က သင့်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြန်ပြောလျှင် ကျွန်ုပ်ကို မည်သူပြောပြမည်နည်း”ဟု ဆို၏။
၁ ရာ 20:11 - မြန်မာ့စံမီသမ္မာကျမ်း ယောနသန်ကလည်း ဒါဝိဒ်အား “လာပါ။ ငါတို့ တောထဲသို့ သွားရအောင်”ဟု ဆိုပြီး နှစ်ယောက်သား တောသို့ ထွက်သွားကြ၏။ Common Language Bible ယောနသန်က``ကွင်းထဲသို့ငါတို့သွားကြ စို့'' ဟုဆိုပြီးလျှင်သူတို့နှစ်ယောက်သွား ကြ၏။- Garrad Bible နှစ် ဦး လုံး ပင် ထွက် သွား ကြ ကုန်၏။ Judson Bible ယောနသန်က၊ ငါတို့သည် တောသို့သွားကြကုန်အံ့ဟု ဒါဝိဒ်အားဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။ |
ဒါဝိဒ်ကလည်း ယောနသန်အား “အကယ်၍ သင့်ခမည်းတော်က သင့်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြန်ပြောလျှင် ကျွန်ုပ်ကို မည်သူပြောပြမည်နည်း”ဟု ဆို၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ မနက်ဖြန်၊ သန်ဘက်ခါ ဤအချိန်တွင် ငါ့ခမည်းတော်ကို ငါစောင့်ကြည့်မည်။ သင်ဒါဝိဒ်အပေါ် ငါ့ခမည်းတော်ကောင်းမည်ဆိုလျှင် ငါသည် သင့်ထံသို့လူလွှတ်၍ ဆက်ဆက်ပြောကြားပေးမည်။