အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ 18:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောနသန်​သည် ဒါဝိဒ်​ကို ကိုယ်​နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​နှင့်​ကတိသစ္စာ​ပြု​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ သက် တ မျှ ချစ် သော ကြောင့် ယော န သန် သည် ဒါ ဝိဒ် နှင့် သ စ္စာ မိတ် ဖွဲ့ လျက်

အခန်းကိုကြည့်ပါ။

Judson Bible

ယော​န​သန်​သည်​လည်း၊ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ ချစ်​သော​ကြောင့် သူ​နှင့်​အ​တူ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။



၁ ရာ 18:3
9 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဒါဝိဒ်​မင်းကြီး​နှင့် ရှောလု​မင်းကြီး​၏​သား​ယောနသန်​တို့​ကြား​၌ ထာဝရဘုရား​ကို​တိုင်တည်​၍ ပြု​ထား​သော​ကတိသစ္စာ​ကြောင့် ရှင်ဘုရင်​သည် ရှောလု​၏​မြေး​၊ ယောနသန်​၏​သား မေဖိဗောရှက်​ကို ချမ်းသာ​ပေး​၏​။


အပေါင်းအသင်း​များ​သော​သူ​သည် ပျက်စီး​တတ်​၏​။ သို့ရာတွင် ညီအစ်ကို​ထက် ပို၍​ခင်တွယ်​တတ်​သော​မိတ်ဆွေ​လည်း ရှိ​၏​။


ရှောလု​မင်းကြီး​သည် မိမိ​သား​တော်​ယောနသန်​နှင့် အမှုထမ်း​တို့​အား ဒါဝိဒ်​ကို​သတ်ပစ်​ရန် အမိန့်ပေး​ထား​၏​။ သို့သော် ရှောလု​မင်းကြီး​၏​သား​တော် ယောနသန်​သည် ဒါဝိဒ်​ကို အလွန်​ချစ်ခင်​နှစ်သက်​၏​။


ထို​သူငယ်​ထွက်သွား​သောအခါ ဒါဝိဒ်​သည် တောင်ဘက်​ပုန်းအောင်း​ရာ​မှ ထွက်လာ​ပြီး မြေ​ပေါ်မှာ ပျပ်ဝပ်​လျက် သုံး​ကြိမ်​ဦးချ​လေ​၏​။ ပြီးလျှင် တစ်ဦး​ကို​တစ်ဦး ဖက်နမ်း​လျက် ငိုကြွေး​ကြ​၏​။ ဒါဝိဒ်​သည် ယောနသန်​ထက် ပို၍​ငိုကြွေး​လေ​၏​။


ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အေးအေးဆေးဆေး​သွား​ပါ​တော့​။ ‘ထာဝရဘုရား​သည် ငါ​နှင့်​သင့်​ကြား​၊ ငါ့​သားစဉ်မြေးဆက်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​ကြားတွင် သက်သေ​အစဉ်​ဖြစ်​ပါစေ’​ဟူ၍ ထို​ထာဝရဘုရား​၏​နာမ​တော်​၌ ငါ​တို့​နှစ်​ယောက် ကျိန်ဆို​ထား​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​ထွက်သွား​၍ ယောနသန်​လည်း မြို့​ထဲသို့ ပြန်သွား​လေ​၏​။


သင်​တို့​အားလုံး​သည် ငါ့​ကို ပူးပေါင်းကြံစည်​ကြ​ပြီ​။ ငါ့​သား​နှင့်​ယေရှဲ​၏​သား​တို့ ကတိသစ္စာပြု​ကြ​သည်​ကို ငါ့​အား မည်သူ​မျှ​မ​ပြောပြ​ကြ​။ ယခု​ကဲ့သို့ ငါ့​အစေအပါး​သည် ငါ့​အား ချောင်းမြောင်း​တိုက်ခိုက်​ရန် ငါ့​သား​ကိုယ်တိုင် သွေးထိုး​ပေး​သည်​ကို​လည်း မည်သူ​မျှ ငါ့​အဖို့ ဝမ်း​မ​နည်း​ကြ​။ ငါ့​အား မည်သူ​မျှ​မ​ပြောပြ​ကြ​”​ဟု ဆို​၏​။


ထို့နောက် သူ​တို့​နှစ်​ဦး ထာဝရဘုရား​ရှေ့​တော်​တွင် ကတိသစ္စာ​ပြု​၍ ဒါဝိဒ်​သည် ဟောရေရှ​အရပ်​၌​နေ​ခဲ့​ပြီး ယောနသန်​ကား သူ့​အိမ်​သို့​ပြန်သွား​လေ​၏​။