သင်တို့သည် ဤသို့စစ်ဆေးခြင်းခံရမည်။ ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ သင်တို့၏အငယ်ဆုံးညီသည် ဤအရပ်သို့မရောက်လာလျှင် သင်တို့သည် ဤအရပ်မှမထွက်သွားရ။
၁ ရာ 17:55 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူစွမ်းကောင်းကို တိုက်ခိုက်ရန် ထွက်သွားသောဒါဝိဒ်ကို ရှောလုမင်းကြီးကြည့်ပြီး စစ်သူကြီးအာဗနာအား “အာဗနာ၊ ဤလူငယ်သည် မည်သူ့သားနည်း”ဟု မေးလျှင် အာဗနာက “အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်မသိပါ”ဟု လျှောက်၏။ Common Language Bible ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။ အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။ Garrad Bible ဖိ လိ တ္တိ သူ ရဲ နှင့် စီး ချင်း ထိုး ရန် ဒါ ဝိဒ် ထွက် သွား သည် ကို ရှော လု မင်း မြင် သော်၊ ထို လု လင် ကား၊ မည် သူ့ သား နည်း ဟု ဗိုလ် ချုပ် အာ ဗ နာ ကို မေး ရာ အ ရှင် မင်း မြတ် အ သက် တော် ရှင် သည့် အ တိုင်း ကျွန်တော် မ သိ ပါ ဟု အာ ဗ နာ တင် လျှောက် လျှင် Judson Bible ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှာ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏သားဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော်ရှင်သည်အတိုင်း ကျွန်တော်မသိပါဟု လျှောက်လျှင်၊ |
သင်တို့သည် ဤသို့စစ်ဆေးခြင်းခံရမည်။ ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ သင်တို့၏အငယ်ဆုံးညီသည် ဤအရပ်သို့မရောက်လာလျှင် သင်တို့သည် ဤအရပ်မှမထွက်သွားရ။
ဟန္နက “အို အကျွန်ုပ်၏သခင်၊ သခင် အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်သည် ယခင်က ဤနေရာ အရှင့်အနားတွင်ရပ်လျက် ထာဝရဘုရားထံဆုတောင်းခဲ့သောမိန်းမ ဖြစ်ပါ၏။
ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။
ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်လာစေ၏။ သူသည် နီမြန်းသောအသားအရေ၊ လှပသောမျက်လုံးနှင့် ခန့်ညားသောရုပ်ရည်ရှိ၏။ ထာဝရဘုရားက “ဤသူပင်ဖြစ်၏။ ထ၍ သူ့ကိုဘိသိက်ပေးလော့”ဟု မိန့်တော်မူ၏။
ဒါဝိဒ်သည်လည်း ထိုဖိလိတ္တိပြည်သား၏ဦးခေါင်းကို ယူပြီး ဂျေရုဆလင်မြို့သို့ ယူလာ၏။ ထိုသူ၏လက်နက်တို့ကိုမူ မိမိတဲ၌ထားလေ၏။
ထိုအခါ ရှင်ဘုရင်က “ဤလူငယ်သည် မည်သူ့သားဖြစ်ကြောင်း စုံစမ်းလော့”ဟု အမိန့်ပေး၏။
ထိုအခါ ရှောလုမင်းကြီးက သူ့အား “အချင်းလူငယ်၊ သင်သည် မည်သူ့သားနည်း”ဟု မေးလျှင် ဒါဝိဒ်က “အကျွန်ုပ်သည် အရှင့်အစေအပါး၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်”ဟု လျှောက်၏။
ထိုအခါ ဒါဝိဒ်သည် ထ၍ ရှောလုမင်းကြီး စခန်းချရာနေရာသို့သွားလျှင် ရှောလုမင်းကြီးနှင့် သူ၏စစ်သူကြီးဖြစ်သော နေရ၏သားအာဗနာတို့ အိပ်သောနေရာကို တွေ့လေ၏။ ရှောလုမင်းကြီးသည် တပ်သားများဝိုင်းရံထားသောတပ်စခန်းထဲ၌ အိပ်နေ၏။