သန်မာထွားကျိုင်းသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ လှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
၁ ရာ 17:51 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် ပြေးသွား၍ ဖိလိတ္တိပြည်သားကို ဖိနင်းထား၏။ ထိုသူ၏ဓားကိုလည်း ဓားအိမ်မှဆွဲထုတ်ယူပြီးလျှင် ထိုဓားဖြင့် သူ့ကို သတ်ကာ ဦးခေါင်းကို ဖြတ်လေ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့၏လူစွမ်းကောင်း ကျဆုံးသည်ကိုမြင်လျှင် ထွက်ပြေးကြလေ၏။ Common Language Bible သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။ ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။- Garrad Bible ထို အ ခါ ဒါ ဝိဒ် သည် ဖိ လိ တ္တိ သူ ရဲ ကို ပြေး ဝင် ဖိ နင်း လျက် ၎င်း၏ ဓား ကို ဆွဲ နုတ် ပြီး လျှင် ခေါင်း ကို ဖြတ် ၍ အ သေ သတ် လေ၏။ ဖိလိ တ္တိ အ လုံး အ ရင်း လည်း သူ ရဲ ကောင်း သေ သည် ကို သိ မြင်၍ ထွက် ပြေး ကြ ရာ၊ Judson Bible ထိုအခါ ဒါဝိဒ်သည် ဓားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ဓားကို ဓားအိမ်မှနုတ်ဆွဲပြီးလျှင် လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကိုမြင်သောအခါ ပြေးကြ၏။ |
သန်မာထွားကျိုင်းသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ လှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
သူတို့သည် အိမ်ထဲသို့ ဝင်၍ အိပ်ခန်းထဲရှိ အိပ်ရာပေါ်တွင် ဣရှဗောရှက်မင်းကြီး အိပ်နေစဉ် သူ့ကိုထိုးသတ်ပြီးလျှင် သူ၏ခေါင်းကိုဖြတ်ပြီး ထိုခေါင်းကိုယူ၍ အရာဗလွင်ပြင်လမ်းအတိုင်း တစ်ညလုံးထွက်ပြေးလာခဲ့ကြခြင်းဖြစ်၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
ဤသို့ဖြင့် ဒါဝိဒ်သည် လောက်လွှဲတစ်ခု၊ ကျောက်တစ်လုံးဖြင့် ထိုဖိလိတ္တိပြည်သားကို အနိုင်ရခဲ့၏။ လက်ထဲတွင် ဓားမပါဘဲ ဒါဝိဒ်သည် ထိုဖိလိတ္တိပြည်သားကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့၏။
ထိုနေ့မှစ၍ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှထွက်ပြေးပြီး ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ ရောက်လာ၏။
ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။
သူတို့သည် ရှောလုမင်းကြီး၏ဦးခေါင်းကိုဖြတ်၍ စစ်ဝတ်တန်ဆာများကိုလည်း ချွတ်ယူကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။