ဒါဝိဒ်သည် အိတ်ထဲမှ ကျောက်တစ်လုံးကို နှိုက်ယူပြီး လွှဲပစ်လိုက်ရာ ဖိလိတ္တိပြည်သား၏နဖူးကို ထိမှန်၍ နဖူးပေါက်သွားသဖြင့် ထိုသူသည် မြေပေါ်သို့ မှောက်လျက်လဲကျသွားလေ၏။
မိမိလွယ်အိတ်မှကျောက်ခဲတစ်လုံးကိုနှိုက်ယူ ပြီးလျှင် လောက်လွှဲနှင့်ဂေါလျတ်အားပစ်လိုက်၏။ ကျောက်ခဲသည်ဂေါလျတ်၏နဖူးကိုထိမှန်၍ နဖူးပေါက်သဖြင့်ဂေါလျတ်သည်မြေပေါ်သို့ ငိုက်စိုက်လဲကျသွားတော့၏။-
ဖိ လိ တ္တိ သူ ရဲ၏ န ဖူး ကို ထိ မှန် ဖောက် ဝင် သ ဖြင့် စိုက် လဲ လေ ၏။
လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။
စစ်သည်တစ်ဦးသည် လေးကိုအမှတ်တမဲ့ပစ်ထည့်လိုက်ရာ အစ္စရေးဘုရင်ဝတ်ထားသောသံချပ်အင်္ကျီ၏ဆက်ရာကြားတွင် ထိမှန်လေ၏။ ထိုအခါ ရှင်ဘုရင်က မိမိစစ်ရထားမှူးအား “ရထားကိုပြန်လှည့်ပြီး စစ်မြေပြင်မှထွက်သွားလော့။ ငါဒဏ်ရာရနေပြီ”ဟု အမိန့်ပေး၏။
ထိုအခါ ယေဟုက လေးကိုအားကုန်တင်ပြီး ယဟောရံမင်းကြီး၏လက်ပြင်ကြားကို ပစ်လိုက်ရာ မြားသည် သူ၏နှလုံးကိုထုတ်ချင်းဖောက်သွားသဖြင့် သူသည် ရထားပေါ်၌ပင် လဲကျသွားလေ၏။
ထိုအခါ ဖိလိတ္တိပြည်သားသည် ဒါဝိဒ်ကို တိုက်ခိုက်ရန် ရှေ့သို့တိုးလာရာ ဒါဝိဒ်သည်လည်း သူ့ကို ရင်ဆိုင်တိုက်ခိုက်ရန် အလျင်အမြန်ပြေးသွား၏။
ဤသို့ဖြင့် ဒါဝိဒ်သည် လောက်လွှဲတစ်ခု၊ ကျောက်တစ်လုံးဖြင့် ထိုဖိလိတ္တိပြည်သားကို အနိုင်ရခဲ့၏။ လက်ထဲတွင် ဓားမပါဘဲ ဒါဝိဒ်သည် ထိုဖိလိတ္တိပြည်သားကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။