ငါ့ကိုဆန့်ကျင်လျက် ပတ်လည်မှသောင်းချီဝိုင်းရံထားသောလူတို့ကို ငါကြောက်မည်မဟုတ်။
၁ ရာ 17:32 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်ကလည်း ရှောလုမင်းကြီးအား “ထိုသူကြောင့် မည်သူမျှစိတ်မပျက်ကြပါနှင့်။ အရှင့်အစေအပါးအကျွန်ုပ်သည် ထိုဖိလိတ္တိပြည်သားကို ထွက်တိုက်ပါမည်”ဟု လျှောက်တင်ရာ Common Language Bible ဒါဝိဒ်က``အရှင်မင်းကြီး၊ ဤဖိလိတ္တိအမျိုး သားအား အဘယ်သူမျှမကြောက်သင့်ပါ။ အကျွန်ုပ်သည်သွား၍သူနှင့်စစ်ထိုးပါမည်'' ဟုရှောလုအားလျှောက်၏။ Garrad Bible ထို သူ့ အ တွက် မည် သူ မျှ စိတ် မ ငယ် ပါ စေ လင့်။ ကျွန် တော် မျိုး သည် ထို ဖိ လိ တ္တိ သူ ရဲ ကို ထွက်၍ တိုက် ပါ မည် ဟု ရှော လု မင်း အား ပြန် လျှောက် လျှင် Judson Bible ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန်သွား၍ ထိုဖိလိတ္တိလူကို တိုက်ပါမည်ဟု ရှောလုအားလျှောက်လျှင်၊ |
ငါ့ကိုဆန့်ကျင်လျက် ပတ်လည်မှသောင်းချီဝိုင်းရံထားသောလူတို့ကို ငါကြောက်မည်မဟုတ်။
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
‘သတိပြုလျက် ငြိမ်ဝပ်စွာနေလော့။ မီးခိုးထွက်နေသောထင်းစနှစ်ခုနှင့်တူသော ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားတို့ ပြင်းစွာအမျက်ထွက်သည်ကို မကြောက်နှင့်။ စိတ်မပျက်နှင့်။
ထိုအခါ ကာလက်သည် မောရှေရှေ့၌ရှိသော လူတို့ကိုတိတ်ဆိတ်စေပြီး “ငါတို့သည် ထိုပြည်ကို အနိုင်ရမည်မှာသေချာ၏။ ယခုပင် တက်သွား၍ ထိုပြည်ကိုသိမ်းပိုက်ကြစို့”ဟု ဆိုလေ၏။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။
ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ပြန်လည်ခိုင်ခံ့စေကြလော့။
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
ထိုအခါ အမှုထမ်းတို့ထဲမှ တစ်ယောက်က “ဗက်လင်မြို့သားယေရှဲ၏သားသည် စောင်းတီးကျွမ်းကျင်ကြောင်း သိရပါ၏။ သူသည် ရဲစွမ်းသတ္တိရှိသူ၊ တိုက်ရည်ခိုက်ရည်ရှိသူ၊ အပြောအဆိုလိမ္မာသူ၊ ရုပ်ရည်သန့်ပြန့်သူဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏”ဟု လျှောက်တင်လျှင်
ဒါဝိဒ်ပြောသောစကားကိုကြားသောသူအချို့တို့က ရှောလုမင်းကြီးထံသို့ လျှောက်တင်ကြသဖြင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ဆင့်ခေါ်လေ၏။