ရှောလုမင်းကြီးမှစ၍ ဒါဝိဒ်၏အစ်ကိုတို့နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရန် ဧလာချိုင့်၌ စခန်းချနေကြ၏။
၁ ရာ 17:2 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးနှင့် အစ္စရေးအမျိုးသားတို့မူကား ဧလာချိုင့်တွင် စုဝေးစခန်းချကြပြီး ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်ကြ၏။ Common Language Bible ရှောလုနှင့်ဣသရေလအမျိုးသားများသည် လည်းစုရုံး၍ ဝက်သစ်ချချိုင့်ဝှမ်းတွင်တပ်ချ ပြီးလျှင်ဖိလိတ္တိတပ်သားတို့အားတိုက်ခိုက် ရန်အသင့်ပြင်ဆင်ကြ၏။- Garrad Bible ရှော လု မင်း နှင့် ဣ သ ရေ လ ရဲ မက် တို့ လည်း စု ရုံး၍၊ ဧ လာ ချိုင့် တွင် စွဲ ရပ် ပြီး လျှင် ဖိ လိ တ္တိ တပ် ကို ဆီး ဆို့ ရန် စီ စဉ် ခင်း ကျင်း ကြ ၏။ Judson Bible ရှောလုနှင့် ဣသရေလလူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကိုတိုက်မည်ဟု စစ်ခင်းကျင်းကြ၏။ |
ရှောလုမင်းကြီးမှစ၍ ဒါဝိဒ်၏အစ်ကိုတို့နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရန် ဧလာချိုင့်၌ စခန်းချနေကြ၏။
ဖိလိတ္တိလူမျိုးတို့သည် တောင်တစ်ဖက်တွင် တပ်ချ၍ အစ္စရေးလူမျိုးတို့သည် အခြားတောင်တစ်ဖက်တွင် တပ်ချကြ၏။ သူတို့ကြားတွင် ချိုင့်ဝှမ်းရှိ၏။
ထိုနေ့မှစ၍ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှထွက်ပြေးပြီး ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ ရောက်လာ၏။
ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။