၁ ရာ 17:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုဖိလိတ္တိပြည်သားသည် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရက်လေးဆယ်ပတ်လုံး လူလုံးထွက်ပြလေ့ရှိ၏။ Common Language Bible ဂေါလျတ်သည်ဣသရေလအမျိုးသားတို့ အား တစ်ဦးချင်းစစ်ထိုးရန်နံနက်တစ်ခါ၊ ညတစ်ခါအရက်လေးဆယ်တိုင်တိုင်စိန် ခေါ်လေသည်။ Garrad Bible ဖိ လိ တ္တိ သူ ရဲ သည် ရက် ပေါင်း လေး ဆယ် တိုင် တိုင်၊ နံ နက် တစ် ကြိမ်၊ ညဉ့် ဦး တစ် ကြိမ်၊ ချဉ်း ကပ်၍ ရပ် လေ ၏။ Judson Bible ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တစ်ခါ၊ ညဉ့်ဦးတစ်ခါ ချဉ်းကပ်၍ ကိုယ်ကိုပြ၏။ |
တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ ထိုကာလအတွင်း၌ မည်သည့်အစာကိုမျှ မသုံးဆောင်ဘဲနေတော်မူသဖြင့် ထိုနေ့ရက်များကုန်လွန်သောအခါ ဆာလောင်တော်မူ၏။
ဒါဝိဒ်သည် ဗက်လင်မြို့ရှိ ဖခင်၏သိုးများကိုထိန်းကျောင်းရသဖြင့် ရှောလုမင်းကြီးထံသွားလိုက် ဖခင်ထံပြန်လိုက်လုပ်နေရ၏။
ယေရှဲက မိမိ၏သားဒါဝိဒ်အား “သင့်အစ်ကိုတို့အတွက် ဤမုန့်ဆန်းတစ်ဧဖာနှင့် မုန့်ဆယ်လုံးကိုယူ၍ သင့်အစ်ကိုတို့ရှိရာတပ်စခန်းသို့ အမြန်သွားလော့။