ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
၁ ရာ 17:11 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးနှင့်တကွ အစ္စရေးစစ်သည်အားလုံးတို့သည် ထိုဖိလိတ္တိပြည်သား၏စကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားလျက် အလွန်ကြောက်ရွံ့ကြကုန်၏။ Common Language Bible ထိုစကားကိုကြားသောအခါရှောလုနှင့် သူ၏စစ်သည်တပ်သားတို့သည်ထိတ်လန့် ကြကုန်၏။ Garrad Bible ဖိ လိ တ္တိ သူ ရဲ ကြွေး ကြော် သော စ ကား ကို ရှော လု မင်း နှင့် ဣ သ ရေ လ တစ် မျိုး လုံး ကြား လျှင် အ လွန် ထိတ် လန့် ကြောက် ရွံ့ ကြ ကုန်၏။ Judson Bible ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။ |
ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။
ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”ဟု ပြောကြား၏။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
ဟေဗြဲလူမျိုးတို့သည် ဂျော်ဒန်မြစ်တစ်ဖက် ဂဒ်ပြည်၊ ဂိလဒ်ပြည်တို့သို့ ကူးသွားကြ၏။ ရှောလုမင်းကြီးသည် ဂိလဂါလမြို့၌ပင်ရှိပြီး သူနှင့်အတူရှိသောစစ်သည်အပေါင်းတို့မှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။
ထို့ပြင် ထိုဖိလိတ္တိပြည်သားက “ယနေ့ ငါသည် အစ္စရေးစစ်သည်တို့ကို စိန်ခေါ်၏။ ငါနှင့်တိုက်မည့်သူတစ်ဦးကို ငါ့ထံ လွှတ်လိုက်ပါ”ဟု ဆို၏။
ဒါဝိဒ်သည် ယုဒပြည်၊ ဗက်လင်မြို့မှ ယေရှဲအမည်ရှိ ဧဖရတ်အမျိုးသားတစ်ဦး၏သား ဖြစ်၏။ ယေရှဲ၌ သားရှစ်ယောက်ရှိ၏။ သူသည် ရှောလုမင်းကြီးလက်ထက်တွင် အသက်ကြီး၍အိုမင်းလေပြီ။
ထို့ကြောင့် သူတို့ရှေ့တွင် စိတ်မနှံ့သူ အရူးကဲ့သို့ အယောင်ဆောင်ရလေ၏။ သူသည် တံခါးရွက်တို့ကို ကုတ်ခြစ်ပြီး မုတ်ဆိတ်များပေါ် သွားရည်များ စီးကျစေ၏။
အစ္စရေးအမျိုးသားတို့သည် မိဇပါမြို့၌ စုဝေးကြကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားသောအခါ ဖိလိတ္တိမင်းတို့သည် အစ္စရေးအမျိုးသားတို့ကိုတိုက်ခိုက်ရန် ချီလာကြ၏။ ထိုသတင်းကို အစ္စရေးအမျိုးသားတို့ ကြားသိသောအခါ ဖိလိတ္တိလူမျိုးတို့ကို ကြောက်ရွံ့ကြကုန်၏။