ထိုအခါ ဒါဝိဒ်မင်းကြီးသည် မြေမှထ၍ ရေချိုးဆီလိမ်း အဝတ်အစားလဲပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ဝတ်ပြုကိုးကွယ်လေ၏။ ထို့နောက် နန်းတော်သို့ပြန်လာ၍ အစားအစာပြင်ဆင်ခိုင်းပြီး စားတော်ခေါ်လေ၏။
၁ ရာ 15:31 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရှမွေလသည် ရှောလုမင်းကြီးနှင့်အတူ ပြန်လိုက်ခဲ့၏။ ရှောလုမင်းကြီးသည်လည်း ထာဝရဘုရားကို ရှိခိုးကိုးကွယ်လေ၏။ Common Language Bible ထိုကြောင့်ရှမွေလသည်သူနှင့်အတူဂိလဂါလ မြို့သို့လိုက်သွား၏။ ရှောလုသည်လည်းထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်လေ၏။ Garrad Bible ရှ မွေ လ သည် ရှော လု မင်း နောက် သို့ ပြန် လိုက် သ ဖြင့် ထာ ဝ ရ ဘု ရား ကို ရှော လု မင်း ရှိ ခိုး ရ လေ ၏။ Judson Bible ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။ |
ထိုအခါ ဒါဝိဒ်မင်းကြီးသည် မြေမှထ၍ ရေချိုးဆီလိမ်း အဝတ်အစားလဲပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ဝတ်ပြုကိုးကွယ်လေ၏။ ထို့နောက် နန်းတော်သို့ပြန်လာ၍ အစားအစာပြင်ဆင်ခိုင်းပြီး စားတော်ခေါ်လေ၏။
သို့သော် ရှမွေလက ရှောလုမင်းကြီးအား “သင်နှင့်အတူ ငါပြန်မလိုက်ပါ။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ပယ်တော်မူပြီ”ဟု ဆို၏။
သို့သော် သူက “အကျွန်ုပ်ပြစ်မှားမိပါပြီ။ သို့သော် ယခု အကျွန်ုပ်၏လူမျိုး သက်ကြီးဝါကြီးတို့ရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့တွင် အသရေမပျက်ရပါစေနှင့်။ အကျွန်ုပ်သည် အရှင်၏ဘုရားသခင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရပါမည့်အကြောင်း အကျွန်ုပ်နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုပြန်၏။
ရှမွေလက “အာမလက်ဘုရင်အာဂတ်မင်းကြီးကို ငါ့ထံခေါ်ခဲ့လော့”ဟု ဆိုလျှင် အာဂတ်သည် “ခါးသီးသောသေခြင်းဘေးမှ လွတ်ပြီ”ဟု တွေးလျက် ဝမ်းသာအားရနှင့် ရှမွေလထံသို့ လာခဲ့၏။