ထို့နောက်မှ ရှမွေလက ရှောလုမင်းကြီးအား “ထာဝရဘုရားသည် မိမိလူမျိုးတော်အစ္စရေးတို့၏ဘုရင်အဖြစ် သင့်ကို ဘိသိက်ပေးရန် ငါ့အား စေလွှတ်တော်မူခဲ့၏။ ယခု ထာဝရဘုရား၏အမိန့်စကားကို နားထောင်လော့။
ရှမွေလသည်ရှောလုအား``ထာဝရဘုရား သည်မိမိ၏လူစုဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ် သင့်အားဘိသိက်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ သို့ဖြစ်၍အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုနားထောင်လော့။-
တစ် ဖန် ရှ မွေ လ က၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ဣ သ ရေ လ အ ပေါ် တွင် သင့် ကို ဘု ရင် အ ဖြစ် ဘိ သိက် သွန်း ခြင်း ငှါ ငါ့ ကို စေ လွှတ် တော် မူ ခဲ့ ပြီ။ ထို ကြောင့် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို နာ ခံ ဦး လော့။
တစ်ဖန် ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ သင့်ကို ဘိသိက်ပေးမည်အကြောင်း၊ ငါ့ကို အထက်ကစေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။
ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားက ‘မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူတို့အား ဆို၏။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
သင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ အမှုတော်ကိုထမ်းဆောင်လျက် စကားတော်ကိုနာခံပြီး ထာဝရဘုရား၏အမိန့်တော်ကို မဖီဆန်လျှင်၊ သင်တို့နှင့်တကွ သင်တို့ကိုအုပ်စိုးသောရှင်ဘုရင်သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လိုက်လျှင် ချမ်းသာရာရကြလိမ့်မည်။
ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားမိန့်မှာထားသောပညတ်တော်တို့ကို မစောင့်ထိန်းဘဲ မိုက်မဲစွာပြုမိလေပြီတကား။ စောင့်ထိန်းခဲ့လျှင် အစ္စရေးနိုင်ငံအား အစဉ်အုပ်စိုးရသောအခွင့်ကို သင့်အား ထာဝရဘုရားပေးတော်မူမည်သာဖြစ်၏။
ရှောလုမလာမီတစ်ရက်အလိုတွင် ထာဝရဘုရားက ရှမွေလအား
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။