ရှင်ဘုရင်၏အမှုထမ်းတို့ကလည်း ရှင်ဘုရင်အား “ကျွန်ုပ်တို့၏သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်တော်မူသည့်အတိုင်း ကျွန်တော်မျိုးတို့ ပြုပါမည်”ဟု ပြန်လျှောက်ကြပြီးလျှင်
၁ ရာ 14:40 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရှောလုမင်းကြီးက အစ္စရေးလူမျိုးအပေါင်းတို့အား “သင်တို့အားလုံး တစ်ဖက်မှာနေပါ။ ငါနှင့်ငါ့သားယောနသန်သည် တစ်ဖက်မှာနေမည်”ဟု ဆိုလျှင် လူတို့က “အရှင်အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ရှောလုမင်းကြီးအား လျှောက်တင်ကြ၏။ Common Language Bible ရှောလုက``သင်တို့သည်ထိုနေရာတွင်ရပ် ၍နေကြလော့။ ယောနသန်နှင့်ငါမူကား ဤနေရာတွင်ရပ်၍နေကြအံ့'' ဟုဆို၏။ လူတို့ကလည်း``အရှင်စိတ်တော်ရှိသည် အတိုင်းပြုတော်မူပါ'' ဟုလျှောက်ကြ၏။ Garrad Bible ရှော လု မင်း က လည်း၊ သင် တို့ တစ် ဘက်၊ ငါ နှင့် သား တော် ယော န သန် တစ် ဘက်၊ ရပ် နေ ကြ အံ့ ဟု မိန့် ဆို လျှက် စိတ် တော် ရှိ ရာ ပြု တော် မူ ပါ ဟု ဗိုလ် ထု ဝန် ခံ ကြ ၏။ Judson Bible ရှောလုကလည်း၊ သင်တို့သည် တစ်ဖက်၊ ငါနှင့် ငါ့သားယောနသန်သည် တစ်ဖက်နေရကြမည်ဟုဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊ |
ရှင်ဘုရင်၏အမှုထမ်းတို့ကလည်း ရှင်ဘုရင်အား “ကျွန်ုပ်တို့၏သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်တော်မူသည့်အတိုင်း ကျွန်တော်မျိုးတို့ ပြုပါမည်”ဟု ပြန်လျှောက်ကြပြီးလျှင်
သူ၏ခင်ပွန်းဧလကာနကလည်း “သင်ကောင်းသည်ဟုထင်သည့်အတိုင်း ပြုပါ။ သူငယ်နို့ပြတ်သည်အထိ နေပါ။ ထာဝရဘုရားသည် ကတိထားသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။ ထို့ကြောင့် ဟန္နနေခဲ့၍ မိမိ၏သားကို နို့ပြတ်သည်အထိပြုစုစောင့်ရှောက်လေ၏။
ရှောလုမင်းကြီးက “ယခုည ဖိလိတ္တိလူမျိုးတို့ထံသွား၍ နံနက်မိုးလင်းသည့်တိုင်အောင် တိုက်ခိုက်သိမ်းယူကြစို့။ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်သူ မရှိစေနှင့်”ဟုဆိုလျှင် သူတို့က “အရှင် အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ပြန်လျှောက်ကြ၏။ သို့သော် ယဇ်ပုရောဟိတ်က “ဦးစွာ ဘုရားသခင်ထံဆည်းကပ်ကြစို့”ဟု သူတို့အား ဆို၏။
အစ္စရေးလူမျိုး၏ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ့သားယောနသန်ပင် ဖြစ်စေကာမူ မုချအသတ်ခံရမည်”ဟု ဆို၏။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ပြန်၍မလျှောက်တင်ကြ။
ထို့နောက် ရှောလုမင်းကြီးက အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ “အမှန်ကိုသိစေတော်မူပါ”ဟု ဆုတောင်းပြီး မဲချရာ ရှောလုနှင့်ယောနသန်၌မဲကျသဖြင့် အခြားသောသူတို့ လွတ်သွားကြ၏။
လက်နက်ကိုင်လုလင်ကလည်း “အရှင့်စိတ်တိုင်းကျ ပြုပါ။ အရှင်သွားလိုရာသို့ သွားပါ။ အရှင့်အလိုအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။