ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
၁ ရာ 14:29 - မြန်မာ့စံမီသမ္မာကျမ်း ယောနသန်ကလည်း “ငါ့ခမည်းတော်သည် ပြည်သားတို့ကို ဒုက္ခပေးလေပြီ။ ယခု ကြည့်ကြလော့။ ဤပျားရည်အနည်းငယ်ကို ငါမြည်းစမ်းကြည့်သောအခါ ငါအားပြည့်လန်းဆန်းလာပြီ။ Common Language Bible ယောနသန်က``ငါတို့အမျိုးသားများအား ခမည်းတော်ပြုသောအမှုသည်ဆိုးရွားလှ ပါသည်တကား။ ပျားရည်အနည်းငယ်ကို စားရသဖြင့်ငါအဘယ်မျှလန်းဆန်းလာ သည်ကိုကြည့်လော့။- Garrad Bible ခ မည်း တော် သည် ပြည် သား တို့ ကို နှောင့် ရှက် လေ ပြီ။ ဤ ပျား ရည် အ နည်း ငယ် ကို ငါ စား၍ စ က္ခု ကြည် လင် သည် တ ကား။ Judson Bible ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ယှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိကြည်လင်သည်ကို ကြည့်ပါတော့။ |
ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကြည့်ရှုဆင်ခြင်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်၏မျက်စိကိုအလင်းပေးတော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သည် သေခြင်း၌အိပ်ပျော်ရပါလိမ့်မည်။
ယောရှုက “သင်သည် ငါတို့ကို အဘယ်ကြောင့်ဒုက္ခပေးသနည်း။ ယခု ထာဝရဘုရားသည် သင့်ကိုပြန်၍ဒုက္ခပေးတော်မူမည်”ဟု ဆို၏။ အစ္စရေးလူမျိုးအပေါင်းတို့ကလည်း သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြလေ၏။ ဤသို့ဖြင့် သူတို့ကို ကျောက်ခဲနှင့်ပေါက်သတ်ပြီးနောက် မီးရှို့ပစ်ကြ၏။
ထိုအခါ လူတစ်ဦးက သူ့အား “အရှင့်ခမည်းတော်က ‘ယနေ့အစာစားသူသည် ကျိန်ခြင်းကိုခံရမည်’ဟု တင်းကျပ်စွာကျိန်ထားသောကြောင့် လူတို့သည်လည်း အားယုတ်နွမ်းနယ်လျက်ရှိ၏”ဟု ပြောပြ၏။
စစ်သည်တို့သည် ရန်သူတို့ထံမှ သိမ်းဆည်းရရှိလာသောအစားအစာများကို ယနေ့သာစိတ်ကြိုက်စားခွင့်ရခဲ့မည်ဆိုလျှင် မည်မျှအကျိုးရှိမည်နည်း။ ယခုမှာ ဖိလိတ္တိလူမျိုးတို့ကို များစွာမသုတ်သင်ပစ်နိုင်ခဲ့ပါတကား”ဟု ဆို၏။