သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
၁ ရာ 14:19 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းအဟိယနှင့်စကားပြောနေစဉ် ဖိလိတ္တိတပ်စခန်းမှ ရုန်းရင်းဆန်ခတ်အသံများမှာ ပို၍ပို၍ကျယ်လာလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ယဇ်ပုရောဟိတ်အား “ရှိပါစေတော့”ဟု ဆို၏။ Common Language Bible ဤသို့ယဇ်ပုရောဟိတ်အားရှောလုပြောဆို နေစဉ် ဖိလိတ္တိတပ်စခန်း၌ကစဥ့်ကရဲဖြစ် မှုသည်ပိုမိုဆိုးရွားလာသဖြင့်ရှောလု က``ထာဝရဘုရားအားလျှောက်ထားချိန် မရှိတော့ပြီ'' ဟုဆို၏။- Garrad Bible ဖိ လိ တ္တိ အ လုံး အ ရင်း တိုး တက် ပျက် ပြား သည် ဖြစ်၍ ရှော လု မင်း က၊ နေ ဦး လော့ ဟု ပ ရော ဟိတ် အား မိန့် ဆို ပြီး လျှင် Judson Bible ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊ |
သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့ကလည်း ထာဝရဘုရားထံ ခွင့်မပန်ဘဲ သူတို့၏အစားအစာကို ယူကြ၏။
ရှမွေလကလည်း သူ့အား “သင်မည်သို့ပြုဘိသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “လူတို့သည် အကျွန်ုပ်ထံမှ ထွက်သွားကြပြီ။ အရှင်လည်း ချိန်းချက်ထားသောအချိန်တွင် ရောက်မလာ။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိတ်မတ်မြို့၌စုဝေးနေကြသည်ကို မြင်တွေ့ရသောအခါ
ရှောလုမင်းကြီးနှင့် သူ၌ရှိသောလူအပေါင်းတို့သည် စုရုံး၍ စစ်မြေပြင်သို့ချီသွားကြလျှင် ဖိလိတ္တိစစ်သည် အချင်းချင်းဓားနှင့် ခုတ်သတ်ကြ၍ ဝရုန်းသုန်းကားဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။
ဒါဝိဒ်က အဟိမလက်၏သား ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ငါ့ထံယူလာပေးပါလော့”ဟု ဆိုသဖြင့် အဗျာသာသည်လည်း ဒါဝိဒ်ထံ ဧဖုဒ်ကို ယူလာပေး၏။