ထို့ကြောင့် ရှောလုမင်းကြီးက “မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ငါ့ထံသို့ ယူဆောင်လာကြလော့”ဟု ဆိုပြီးလျှင် မီးရှို့ရာယဇ်ကိုပူဇော်လေ၏။
ရှောလုသည်မီးရှို့ရာယဇ်နှင့်မိတ်သဟာယ ယဇ်တို့ကို မိမိထံသို့ယူဆောင်လာစေရန် လူတို့အားစေခိုင်းပြီးလျှင်မီးရှို့ရာယဇ် ကိုပူဇော်လေသည်။-
ရှော လု မင်း က၊ မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ယ သ က္ကာ များ ကို ယူ ဆောင် ခဲ့ လော့ ဟု တောင်း ဆို လျက် မီး ရှို့ ရာ သ က္ကာ ကို ပူ ဇော် လေ ၏။
ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယပူဇော်သကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
“မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍
ထိုအခါ ရှောလုမင်းကြီးက အဟိယအား “ဘုရားသခင်၏သေတ္တာတော်ကို ယူခဲ့လော့”ဟု ဆို၏။ ထိုစဉ်က ဘုရားသခင်၏သေတ္တာတော်မှာ အစ္စရေးအမျိုးသားတို့တွင် ရှိနေ၏။