ထိုအခါ သူက ငါ့အား “ဤကား ဇေရုဗဗေလထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘စစ်သည်ဗိုလ်ခြေကြောင့် မဟုတ်။ အစွမ်းတန်ခိုးကြောင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်သာ ဖြစ်၏။
၁ ရာ 13:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် စစ်တိုက်သောနေ့၌ ရှောလုမင်းကြီးနှင့် သားတော်ယောနသန်၌သာ ဓားလှံရှိ၏။ ရှောလုမင်းကြီး၊ ယောနသန်တို့နှင့်အတူရှိသောစစ်သည်တို့၌ကား ဓားလှံ မရှိကြချေ။ Common Language Bible ထို့ကြောင့်စစ်ပွဲဝင်ရသောနေ့၌ရှောလုနှင့် သားတော်ယောနသန်မှလွဲ၍ အခြားဣသ ရေလစစ်သည်တော်တို့တွင်ဋ္ဌားလှံလက် နက်များမရှိကြ။ Garrad Bible သို့ ဖြစ်၍ စစ် တိုက် ရာ ကာ လ တွင် ရှော လု မင်း နှင့် သား တော် ယော န သန် မှ တစ် ပါး၊ ရဲ မက် တို့ လက်၌ ဓား၊ လှံ၊ မ ရှိ ချေ။ Judson Bible သို့ဖြစ်၍ စစ်တိုက်ရာကာလ ရှောလုနှင့် သားတော်ယောနသန်မှတစ်ပါး အဘယ်သူ၌မျှ ဓားလှံမရှိ။ |
ထိုအခါ သူက ငါ့အား “ဤကား ဇေရုဗဗေလထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘စစ်သည်ဗိုလ်ခြေကြောင့် မဟုတ်။ အစွမ်းတန်ခိုးကြောင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်သာ ဖြစ်၏။
သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
သူတို့သည် ဘုရားအသစ်တို့ကိုရွေးချယ်ကြသောအခါ မြို့တံခါးများ၌ စစ်ဖြစ်လေ၏။ အစ္စရေးလူမျိုးတို့၌ လူလေးသောင်းတွင် ဒိုင်းတစ်ခု၊ လှံတစ်စင်းမျှမတွေ့ရ။
ထိုသို့ ပေါက်တူး၊ ထယ်သွား၊ သုံးခွခက်ရင်း၊ ပုဆိန်တို့ သွေးခ၊ ချွန်းတပ်ဆင်ခမှာ တစ်ပင်းဖြစ်၏။
ထို့ပြင် ထာဝရဘုရားသည် ဓား၊ လှံအားဖြင့် ကယ်တင်သည်မဟုတ်ကြောင်းကို ဤလူထုကြီး သိရလိမ့်မည်။ စစ်မှုသည် ထာဝရဘုရား၏အရေးဖြစ်၍ ကိုယ်တော်သည် သင်တို့ကို ငါတို့လက်သို့ အပ်နှံတော်မူမည်”ဟု ဆို၏။
ဤသို့ဖြင့် ဒါဝိဒ်သည် လောက်လွှဲတစ်ခု၊ ကျောက်တစ်လုံးဖြင့် ထိုဖိလိတ္တိပြည်သားကို အနိုင်ရခဲ့၏။ လက်ထဲတွင် ဓားမပါဘဲ ဒါဝိဒ်သည် ထိုဖိလိတ္တိပြည်သားကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့၏။